တရုတ်ယဉ်ကျေးမှုတွင် မင်္ဂလာသတ္တဝါ ၁၀ မျိုးသည် ကျက်သရေမင်္ဂလာရှိခြင်း၊ အေးချမ်းသာယာခြင်းနှင့် ကျန်းမာချမ်းသာခြင်းတို့ကို သယ်ဆောင်ပေးသည့် မင်္ဂလာနတ်သတ္တဝါများ ဖြစ်ပါသည်။ ၎င်းတို့သည် မိုးမြေကို အုပ်စိုးနိုင်သော၊ အရပ်လေးမျက်နှာကို ကာကွယ်စောင့်ရှောက်သော သတ္တဝါများဖြစ်ပြီး နှစ်ပေါင်းထောင်ချီတိုင်အောင် လူသားတို့၏ သာယာချမ်းမြေ့မှုအပေါ်ထားရှိသည့် စိတ်ဆန္ဒမျှော်လင့်ချက်များ၏ အမှတ်သင်္ကေတများ ဖြစ်ပါသည်။ ယခုအပတ်စဉ်မှစ၍ “မင်္ဂလာ”မဂ္ဂဇင်းသည် ကိုယ်စားပြုမှု အရှိဆုံးသော မင်္ဂလာသတ္တဝါများကို လက်ရွေးစင်ရွေးချယ်၍ ရိုးရာအစဉ်အလာရုပ်ပုံများကို ကျောဖုံးတွင်ဖော်ပြပြီး အရှေ့တိုင်းအလှတရား၏ ကျက်သရေရှိမှုနှင့် သွက်လက်လှုပ်ရှားမှုတို့ကို လက်ဆင့်ကမ်းသွားပါမည်။ ဤဆုမွန်ကောင်းများသည်လည်း လူကြီးမင်းတို့၏ ဖတ်ရှုမှုအကြိမ်တိုင်းတွင် အတူပါရှိနိုင်စေရန် မျှော်လင့်ပါသည်။

နဂါးသည် တရုတ်နိုင်ငံ မင်္ဂလာသတ္တဝါများ၏ ထိပ်ဆုံးတွင်ရှိနေပြီး ခွန်အား၊ မြင့်မြတ်မှုနှင့် ကျက်သရေမင်္ဂလာရှိမှုတို့၏ အမှတ်သင်္ကေတဖြစ်ပါသည်။ ဒဏ္ဍာရီအရ သူသည် သမင်ချို၊ ငါးအကြေးခွံ၊ သိမ်းစွန်လက်သည်း တို့ရှိပြီး တိမ်စိုင်များအကြား မြူးတူးပျော်ပါးနိုင်ကာ မိုးလေတို့ကို အပိုင်စားရသည်ဟု ဆိုပါသည်။ တရုတ်လူမျိုးတို့၏ အရေးပါဆုံးသော စိတ်ပိုင်းဆိုင်ရာ ကိုးကွယ်ရာအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ သင်္ကေတတို့ဖြစ်ပါသည်။ နှစ်ပေါင်းထောင်ချီတိုင်အောင် လောကသားတို့ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းဆိုသည့် သာယာချမ်းမြေ့သော မျှော်မှန်းချက်များကို သယ်ဆောင်ပေးနေပါသည်။