中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယူနန် တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ ပညာရှင်များပါဝင်သော အခမဲ့ဆေးကုသရေးအဖွဲ့သည် လာအိုနိုင်ငံသို့ သွားရောက်ကာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများကို ပြုလုပ်
သတင်း > အကြောင်းအရာ

ယူနန် တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ ပညာရှင်များပါဝင်သော အခမဲ့ဆေးကုသရေးအဖွဲ့သည် လာအိုနိုင်ငံသို့ သွားရောက်ကာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများကို ပြုလုပ်

By Zhang Min| 云南日报|
分享到Facebook

လွန်ခဲ့သောရက်ပိုင်းက လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ရိုးရဆေးပညာအင်စတီကျု၏ ဖိတ်ကြားချက်အရ ယူနန် တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ ဖွဲ့စည်းထားသော တရုတ်တိုင်းရင်းဆေး ပညာရှင်များပါဝင်သည့် အခမဲ့ ဆေးကုသရေးအဖွဲ့ဝင် ၆ ဦးသည် လာအိုနိုင်ငံ ဗီယင်ကျန်နှင့် လွမ်ပရာဘန်မြို့များသို့ သွားရောက်ကာ တရုတ်တိုင်းရင်းဆေးပညာ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု၊ လက်တွေ့ သင်ကြားပြသမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါသည်။  

ယူနန်တရုတ်ဆေးတက္ကသိုလ်မှ ပညာရှင်များက ဒေသခံလူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေစဉ်။


​အခမဲ့ဆေးကုသရေးအဖွဲ့သည် လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာ တရုတ်တိုင်းရင်းဆေးနှင့် ဆေးဝါးကောလိပ် ဆေးကုသရေးစင်တာနှင့် လာအိုနိုင်ငံ လွမ်ပရာဘန် ပြည်နယ်ဆေးရုံသို့ အသီးသီး ဝင်ရောက်ကာ တရုတ်တိုင်းရင်းဆေးပညာ နိုင်ငံတကာ ဆေးကုသရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခဲ့ကြပြီး ဒေသခံ လူနာ ၅၀၀ နီးပါးကို လက်ခံ ကုသပေးခဲ့ကာ ဒေသခံဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၃၀ ကျော်ကို လက်တွေ့ သင်ကြားပြသမှုများ ပြီးမြောက်အောင် လုပ်ဆောင်ပေးခဲ့ပါသည်။  

​ဗီယင်ကျန်မြို့တွင် အခမဲ့ဆေးကုသရေးအဖွဲ့သည် လာအိုနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာ တရုတ်တိုင်းရင်းဆေးနှင့် ဆေးဝါးကောလိပ် ဆေးကုသရေးစင်တာ၌ ဒေသခံပြည်သူများအတွက် သာမန်ရောဂါများနှင့် နာတာရှည်ရောဂါများ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအကြံဉာဏ်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြပြီး လာအိုနိုင်ငံ လုပ်ငန်းခွင်ဆောင်ရွက်နေသူများနှင့် ယူနန် တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှ ယခင် ကျောင်းသားဟောင်းများအတွက် တရုတ်တိုင်းရင်းဆေးပညာ လက်တွေ့သင့်လျော်သော နည်းပညာ သင်ကြားပြသမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။ လွမ်ပရာဘန်ပြည်နယ်ဆေးရုံတွင် အခမဲ့ဆေးကုသရေးအဖွဲ့သည် ဆေးကုသသည့်နေရာကို သင်ကြားရေးနေရာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ကုသခြင်း၊ အရိုးအကြောထိခိုက်ဒဏ်ရာကုသခြင်း စသည့်လက်တွေ့ကျသော နည်းပညာများကို အခြေခံကာ သေချာရှင်းလင်းပြသခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် လက်တွေ့လိုက်ပါစောင့်ကြည့်ကုသခြင်းများကို လုပ်ဆောင်ပေးခဲ့ကာ ဒေသခံဆရာဝန်များအနေဖြင့် တရုတ်တိုင်းရင်းဆေးပညာ သင့်လျော်သောနည်းပညာ လုပ်ကိုင်ပုံ အဓိကအချက်များနှင့် ရောဂါခွဲခြားသတ်မှတ်စဉ်းစားပုံ နည်းလမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်လာစေရန် ကူညီပေးခဲ့ပါသည်။