တရုတ်ဝန်ကြီးချုပ် လီချန်သည် ထိုင်းနိုင်ငံ၌ ခရီးလှည့်လည်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် တရုတ်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်
CRI|
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ထိုင်း ဝန်ကြီးချုပ် အနုတင်၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အာဆီယံအဖွဲ့ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ သွားရောက်ပြီး ၂၉ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။