【ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်】ဆောင်းရာသီ အအေးရှောင်အပန်းဖြေခြင်း + အေးချမ်းသော လူနေမှုဘဝ - တယ်ဟုန်သည် ချိန်တူးမြို့သို့ သွားရောက်၍ ဧည့်သည်များအား ဖိတ်ကြား
အောက်တိုဘာလ ၃၀ ရက်နေ့တွင် "ယခုကဲ့သို့သော ယူနန်ပြည်နယ်၏ လူနေမှုဘဝ - နေထိုင်ရန် သင့်လျော်ပြီး လှပသော တယ်ဟုန်အသစ်" ချိန်တူး စီးပွားရေးရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲကို ချိန်တူးမြို့ ကျောင်းဇီ နိုင်ငံတကာဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ စီချွမ်နှင့် ချုံချင့်ဒေသမှ မိတ်ဆွေများအတွက် ဤသည်မှာ မိတ်ဆက်ပွဲတစ်ခုတည်းသာ မဟုတ်ဘဲ တယ်ဟုန်တိုင်(ရှမ်း)၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ ပေးပို့လိုက်သော ခရီးသွားလာရေး ဖိတ်ကြားလွှာတစ်စောင်နှင့် ပိုမိုတူနေပါသည်။ ဆောင်းရာသီ အအေးရှောင်အပန်းဖြေရန်၊ အနားယူရန် ခရီးသွားခြင်း၊ အပူအပင်ကင်းသော ယူနန်ပြည်နယ်၏ လူနေမှုဘဝကို ခံစားရန်အတွက် သွားရောက်ကြရမည် ဖြစ်ပါသည်။


တယ်ဟုန်ပြည်နယ်ခွဲ၏ တစ်နှစ်တာ ပျမ်းမျှ အပူချိန်မှာ ၁၉.၈ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ ဆောင်းရာသီတွင် ပြင်းထန်သော အအေးဒဏ် မရှိသလို နွေရာသီတွင်လည်း ပြင်းထန်သော အပူဒဏ် မရှိပါ။ လေးရာသီပတ်လုံး ပန်းပွင့်ကြပြီး တစ်နှစ်ပတ်လုံး သစ်သီးဝလံများ ထွက်ရှိပါသည်။


ဆောင်းရာသီ ပျမ်းမျှ အပူချိန်မှာ ၁၃.၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး နေရောင်ခြည် ရရှိမှုမှာ ၇ နာရီ ကျော်လွန်ကာ လေထု၏ စိုထိုင်းဆမှာ ၇၀% ကျော်ရှိပြီး တရုတ်နိုင်ငံ မိုးလေဝသ ဦးစီးဌာနနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့က ပူးတွဲအကြံပြုထားသော တစ်နိုင်ငံလုံး ဆောင်းရာသီ အအေးရှောင်အပန်းဖြေရာ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်ပါသည်။


ဤနေရာတွင် မျက်စိတစ်ဆုံး အစိမ်းရောင်များကိုသာ တွေ့ရမည်ဖြစ်ပြီး ရွှေလီမြစ်-မဟာယင်ကျန်း အမျိုးသားအဆင့် ရှုခင်းနေရာ၊ ယင်ကျန်းအမျိုးသားအဆင့် စိုစွတ်မြေဥယျာဉ်၊ ယူနန် ထုန်ပီကွမ်း ပြည်နယ်အဆင့် သဘာဝ ကာကွယ်ရေးနယ်မြေ စသည့်သဘာဝကာကွယ်ရေးနယ်မြေ ၉ ခု၊ ဖွံ့ဖြိုးတီထွင်နိုင်သော ရေပူစမ်း အရင်းအမြစ် ၈၂ ခု၊ ပန်းခြံ ၁၆၂ ခု၊ တည်ဆောက်ပြီး ဧရိယာ၏ စိမ်းလန်းမှုနှုန်းမှာ ၄၀.၈၉% ရှိပြီး "ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် အစိမ်းရောင်ကို မြင်ရခြင်း၊ အိမ်တံခါးဝမှ ထွက်လိုက်သည်နှင့် ပန်းခြံထဲသို့ ဝင်ရောက်နိုင်ခြင်း"ဆိုသည်ကို နေ့စဉ်ဘဝတစ်ခု ဖြစ်လာစေခဲ့ပါသည်။ ဆောင်းရာသီ အအေးရှောင်ရန်၊ ရေပူစမ်း စိမ်ရန်၊ ခရီးသွားနေရာရှာဖွေရင်း ရှုခင်းကြည့် ဖန်တီးရန်နှင့် လျှို့ဝှက်ဆန်းကြယ်သော နေရာများသို့ စွန့်စားသွားရောက်လိုပါက တယ်ဟုန်ပြည်နယ်ခွဲအနေဖြင့် အားလုံးကို လက်ခံဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါသည်။


တယ်ဟုန်ပြည်နယ်ခွဲ၏ အစားအစာများသည် လူများစွာ ဤနေရာတွင် ဆက်လက်နေထိုင်လိုကြသည့် အကြောင်းရင်း ဖြစ်ပါသည်။ ဤနေရာသည် "တရုတ်နိုင်ငံ၏ နန်းတော်ဆန်ထွက်ရှိရာ အဓိကဒေသ"၊ "တရုတ်နိုင်ငံ၏ ကော်ဖီဒေသ" နှင့် "တရုတ်နိုင်ငံ၏ အခွံမာသီးဒေသ" ဖြစ်ပါသည်။ တိုင်(ရှမ်း)လူမျိုးတို့၏ ဒေါင်းစားပွဲတော်၊ ဂျိမ်းဖောအစိမ်းရောင်သစ်ရွက်စားပွဲတော်၊ အာချန်တိုင်းရင်းသား လက်ဖြင့် ဆုပ်ကိုင်စားသုံးရသော မြီးရှေတို့သည် ကိုယ်ပိုင်အရသာ ကိုယ်စီရှိကြပြီး မြန်မာ့ သရေစာ အစားအစာများ အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှ အစားအစာများသည်လည်း ကိုယ်ပိုင်စနစ်တစ်ခု ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ရပ်အဖြစ် ဖွဲ့စည်းထားကြပါသည်။




နံနက်ခင်းတွင် အမဲသား ရှမ်းခေါက်ဆွဲတစ်ပွဲ၊ နေ့လယ်ခင်းတွင် ကြက်ခြေထောက်ထောင်းနှင့် ဖာလူဒါ၊ ညပိုင်းတွင် ညဈေးထဲသို့ ဝင်ရောက်ကာ အကင်စားသုံးခြင်းတို့ကို ပြုလုပ်နိုင်ပြီး အင်တာနက် သုံးစွဲသူများက ဤနေရာကို "မည်သည့်အရာကို စားသုံးသည်ဖြစ်စေ အမှားအယွင်း မရှိနိုင်သော" မြို့တော်တစ်ခု ဖြစ်ကြောင်း ပြောဆိုကြပါသည်။


စုံလင်ကွဲပြားသော ယဉ်ကျေးမှုသည် တယ်ဟုန်ပြည်နယ်ခွဲ၏ အမှတ်တံဆိပ် ကတ်ပြားတစ်ခု ဖြစ်ပါသည်။ သင်္ကြန်ပွဲတော်နှင့် မနောပွဲတော်များသည် အလှည့်ကျ ကျင်းပကြပြီး တိုင်(ရှမ်း)လူမျိုးတို့၏ စက္ကူညှပ် ပညာရပ်၊ တိုင်(ရှမ်း)ပြဇာတ်နှင့် ဒေါင်းအက စသည့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် သင်တို့ကို စောင့်ဆိုင်းနေကြပါသည်။


ဤနေရာသည် ပြင်ပ အားကစား ပရဒိသု တစ်ခုလည်း ဖြစ်ပါသည်။ "နိုင်ငံနှစ်နိုင်ငံကို တစ်ပြိုင်နက် ပြေးလွှားခြင်း" နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲ၊ နိုင်ငံအသင်း၏ ဆောင်းရာသီ လေ့ကျင့်ရေး၊ အပျော်တမ်း တင်းနစ် ဝါသနာရှင်များ အခမဲ့ ကစားနိုင်ခြင်းတို့ ရှိပြီး "မန်စီမြို့သို့ ခရီးသွားပါ၊ တင်းနစ်ကို အခမဲ့ ကစားပါ"ဟူသော ကြွေးကြော်သံသည် တင်းနစ် အသိုက်အဝန်းအတွင်း ပိုမို ပျံ့နှံ့ရောက်ရှိလာခဲ့ပါသည်။


အခြေချ နေထိုင်ရန်လည်း အလွန်အဆင်ပြေပါသည်။ တယ်ဟုန် မန်စီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေကြောင်းလိုင်း ၃၆ လိုင်းကို ဖွင့်လှစ်ထားပြီး မြို့ပေါင်း ၂၉ မြို့သို့ ရောက်ရှိနိုင်ပါသည်။ ပြည်နယ်ခွဲအတွင်း မြို့နယ်တိုင်းတွင် အမြန်လမ်းများ ပေါက်ရောက်နေပြီး တစ်နာရီအတွင်း သွားလာနိုင်သော စီးပွားရေးစက်ဝိုင်းနှင့် ခရီးသွားစက်ဝိုင်းတို့ ပုံပေါ်လာပြီဖြစ်ပါသည်။

ကုန်ပစ္စည်း လူနေအိမ်ရာ အရောင်းအဝယ် ပျမ်းမျှဈေးနှုန်းမှာ ယွမ် ၆၀၀၀ မပြည့်ပါ။ တစ်ပြည်နယ်ခွဲလုံးတွင် ဟိုတယ်နှင့် တည်းခိုခန်းများ၏ အိပ်ရာနေရာများ လုံလောက်စွာ ရှိပြီး တောတောင် ရေပူစမ်းများ စိမ်ခြင်း၊ နေ့လယ်ခင်းတွင် တအောဝ်းလက်ဖက်ချဉ် သို့မဟုတ် ကော်ဖီသောက်သုံးခြင်း၊ ညနေပိုင်းတွင် မြို့ပြလမ်းမများတွင် လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ တယ်ဟုန်တွင် အခြေချ နေထိုင်ခြင်းသည် ဤလွတ်လပ်မှုကို ရည်ရွယ်ခြင်းပင် ဖြစ်ပါသည်။


ရှုခင်းကောင်းမွန်ရုံသာမက သက်ကြီးရွယ်အို စောင့်ရှောက်ရေးကို ဝန်းရံလျက် တယ်ဟုန်တွင် အခြေချ နေထိုင်ခြင်းအတွက် မြေနေရာ အသုံးပြုမှု၊ အခွန်အခ၊ ထောက်ပံ့ကြေး၊ အတည်ပြုချက်၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်မှ ဝန်ဆောင်မှုအာမခံချက်အထိ "ဘက်စုံပံ့ပိုးမှု အစီအစဉ်များ"ကို ဖော်ဆောင်လျက်ရှိပါသည်။



ယခုအကြိမ် မိတ်ဆက်ပွဲသည် ယဉ်ကျေးမှုခရီးသွားလာရေး၊ အိမ်ခြံမြေ ဖွံ့ဖြိုးတီထွင်ရေး၊ အထောက်အကူပြု လည်ပတ်ရေး၊ ပေါ့ပါးသော စက်မှုလုပ်ငန်း ထုတ်လုပ်ရေး စသည့်အဓိက စီးပွားရေး လုပ်ငန်းများကို အဓိကထားကာ တယ်ဟုန်၏ ယဉ်ကျေးမှုခရီးသွား အရင်းအမြစ်များ၊ အဓိက စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ အခြေချ အိမ်ရာ မူဝါဒနှင့် မြို့ပြ နေထိုင်ရန် သင့်လျော်သော အသာစီးရမှုများကို အထူး မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး နေရာတွင် တိုင်းရင်းသားရိုးရာ တေးသီချင်းနှင့် အကအခုန် ဖျော်ဖြေပွဲများကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။



အောက်တိုဘာလ ၃၀ ရက်နေ့၊ ချိန်တူး ကျောင်ဇီနိုင်ငံတကာဟိုတယ်တွင် "ယခုကဲ့သို့သော ယူနန်ပြည်နယ်၏ လူနေမှုဘဝ" ကို ခံစားကြပါစို့။ သင်၏ နောက်တစ်ကြိမ် အခြေချ နေထိုင်မည့် ခရီးစဉ်နေရာကို တယ်ဟုန်အဖြစ် သတ်မှတ်ရန် ဖိတ်ခေါ်အပ်ပါသည်။ သဘာဝ တောတောင်ရေမြေ အလှတရားများမှ စတင်ကာ လူနေမှုဘဝ အငွေ့အသက်များဖြင့် ပြီးပြည့်စုံမည့် တယ်ဟုန်တွင် တွေ့ဆုံကြပါစို့။