ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း တစ်လိုင်းလုံး ရထားလမ်းခင်းခြင်းလုပ်ငန်း ပြီးစီး
云南日报|

အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ တွင် ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း တစ်လိုင်းလုံး ရထားလမ်းခင်းခြင်း လုပ်ငန်းများ ပြီးစီးသွားခဲ့ပြီး ရထားလမ်းပိုင်းအားလုံး တည်ဆောက်မှု အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါသည်။ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်တွင် ရထားလမ်း စတင်ပြေးဆွဲနိုင်မည့် အခြေအနေများ ပြည့်စုံလာမည် ဖြစ်ပါသည်။
ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းသည် ချုံချင့်မြို့၊ စီချွမ်ပြည်နယ်၊ ဂွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်နယ်တို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး စုစုပေါင်း အရှည် ကီလိုမီတာ ၇၀၀ ခန့် ရှိကာ ဒီဇိုင်းရေးဆွဲထားသည့်အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်ပါသည်။ လမ်းကြောင်းတစ်ခုလုံး တည်ဆောက်ပြီးစီးကာ ရထား စတင်ပြေးဆွဲနိုင်သည့်အခါ ကူမင်းမြို့မှ ချုံချင့်မြို့သို့ သွားလာရမည့် ကြာချိန်သည် ၂.၅ နာရီခန့်သို့ လျော့ကျသွားမည်ဖြစ်ပြီး ကူမင်းမြို့မှ ချန်တူးမြို့သို့ သွားလာရမည့် ကြာချိန်သည်လည်း ၃ နာရီအတွင်းသို့ လျော့ကျသွားမည် ဖြစ်ပါသည်။