ယူနန်ပြည်နယ် (၁၃) ကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်
云南网|

အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် ယူနန်ပြည်နယ် (၁၃) ကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအားကစားပြိုင်ပွဲကို ကူမင်းမြို့ ထိုထုန်း အားကစားကွင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
မိုးချုပ်ချိန်တွင် ကူမင်းထိုထုန်းအားကစားကွင်းတွင် မီးရောင်စုံများ လင်းလက်တောက်ပ၍ ပွဲတော်အငွေ့အသက်များ ပြည့်နှက်စွာဖြင့် စည်ကားနေသည်။ ည ၈ နာရီတွင် ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ပါသည်။ ပြည်နယ်ခွဲ (မြို့နယ်) ၁၆ ခု၏ ကိုယ်စားလှယ် အစုအဖွဲ့များသည် အစဉ်လိုက် ဝင်ရောက်လာကြပြီး ချီတက်ရာလမ်းတစ်လျှောက်တွင် ကိုယ်စားလှယ် အဖွဲ့တစ်ခုချင်းစီက ရပ်တန့်၍ ဖျော်ဖြေမှုများကို ပြုလုပ်ခဲ့ကြကာ ရောင်စုံစုံလင်လှသော တိုင်းရင်းသားယဉ်ကျေးမှုကို စုစည်းပြသခဲ့ကြပါသည်။ အားကစားမီးရှူးတိုင်ကို ထွန်းညှိလိုက်ချိန်တွင် ပျော်ရွှင်ဝမ်းမြောက် အော်ဟစ်သံများသည် ညဥ့်ကောင်းကင်ယံ တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားခဲ့ပါသည်။
တစ်ပြည်နယ်လုံးတွင် အဆင့်အမြင့်ဆုံး၊ လွှမ်းခြုံမှု အကျယ်ပြန့်ဆုံးနှင့် သက်ရောက်မှု အကြီးမားဆုံး ဖြစ်သော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအားကစားပွဲတော်ကြီး တစ်ခုအနေဖြင့် ယူနန်ပြည်နယ် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအားကစားပြိုင်ပွဲကို ၄ နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ၁၉၅၅ ခုနှစ်မှစတင်ကာ (၁၂)ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။