သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် သုတေသနပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို မန်စီမြို့တွင် ကျင်းပ
云南日报|

အောက်တိုဘာလ ၂၁ ရက်နေ့တွင် သတ္တမကြိမ်မြောက် မြန်မာ-တရုတ် သုတေသနပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို မန်စီမြို့တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ပါသည်။
ယခုအကြိမ် ဖိုရမ်သည် "မြန်မာ-တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်" ဟူသောခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဌာနဆိုင်ရာများ၊ အသိပညာရှင် သုတေသနပညာရှင် အဖွဲ့အစည်းများ၊ လုပ်ငန်းအသင်းအဖွဲ့များမှ ဧည့်သည်တော်များနှင့် တရုတ်နိုင်ငံ လူမှုသိပ္ပံ အကယ်ဒမီ၊ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ယူနန်ပြည်နယ် အရှေ့တောင်အာရှ သုတေသနအသင်း စသည့်သိပ္ပံသုတေသနနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များမှ ပညာရှင်များနှင့် တယ်ဟုန်တိုင်နှင့် ဂျိန်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ သက်ဆိုင်ရာ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ဧည့်သည်တော် ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်လာကြသော ကျွမ်းကျင်ပညာရှင်များသည် မြန်မာ-တရုတ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စသည့်အကြောင်းအရာများကို အခြေခံ၍ ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်ခဲ့ကြပြီး မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေးခြင်း၊ မြန်မာ-တရုတ် ယဉ်ကျေးမှုအချင်းချင်း ဖလှယ်လေ့လာမှုနှင့် ပြည်သူအချင်းချင်း နှလုံးသားချင်းဆက်သွယ်မှုတို့ကို အဓိကထားကာ လက်တွေ့အကောင်အထည်ဖော်မည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မည့် ဘုံသဘောတူညီချက်များကို ရယူစုစည်းခဲ့ကြပါသည်။ တက်ရောက်လာကြသော ဘက်ပေါင်းစုံတို့သည် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အစိမ်းရောင် စက်မှုလုပ်ငန်း၊ ကျောင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့် နားလည်မှု စာချွန်လွှာ စုစုပေါင်း ၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။