"နှလုံးသားချင်းဆက်နွှယ် ယူနန်ခရီးစဉ်" ယူနန်ပြည်နယ် (၈)ကြိမ်မြောက် နိုင်ငံတကာပညာတော်သင်များ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် ကျင်းပ
云南日报|

လတ်တလောတွင် "Yunnan Hand in Hand Program" (နှလုံးသားချင်းဆက်နွှယ် ယူနန်ခရီးစဉ်) ယူနန်ပြည်နယ် (၈)ကြိမ်မြောက် ပညာတော်သင်များ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်နှင့် "iYunnan" ယဉ်ကျေးမှု အတွေ့အကြုံ လှုပ်ရှားမှုကို တီချင်ဇန့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုအကြိမ် လှုပ်ရှားမှုသည် "တရုတ်နှင့် ပြည်ပနိုင်ငံ လူငယ်များ အချင်းချင်း နားလည်ရင်းနှီးပြီး ချစ်ခင်တွယ်တာကြကာ ယဉ်ကျေးမှု အချင်းချင်း ဖလှယ်လေ့လာ၍ အိပ်မက်နောက်သို့ အတူတကွ လျှောက်လှမ်းကြစို့" ဟူသော ခေါင်းစဉ်ဖြင့် ၆ ရက်ကြာ ကျင်းပခဲ့ပြီး ကူမင်းနည်းပညာတက္ကသိုလ်၊ ယူနန် တရုတ်တိုင်းရင်းဆေးပညာ တက္ကသိုလ်၊ တာလီ တက္ကသိုလ်နှင့် ဖူအော်ကောလိပ်တို့မှ တရုတ်နှင့် နိုင်ငံခြား ကျောင်းသားကိုယ်စားလှယ်များနှင့် ဝန်ထမ်း ၅၂ ဦးတို့ကို စုစည်းကာ တီချင်သို့ ကိုယ်တိုင် ကွင်းဆင်း သွားရောက်ပြီး ဒေသဓလေ့နှင့် ယဉ်ကျေးမှုကို လက်တွေ့ခံစားခြင်း၊ တော်လှန်ရေး သမိုင်းဝင်အမှတ်တရများကို ပြန်လည်အမှတ်ရခြင်း၊ နိုင်ငံတော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ဆွဲဆောင်မှုကို ခံစားခြင်း၊ ဂေဟစနစ်ဆိုင်ရာ အလှတရားများကို မြည်းစမ်းခြင်းနှင့် လူငယ် အိပ်မက်များကို အတူတကွ ဆွေးနွေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြကာ တရုတ်နှင့် နိုင်ငံတကာ လူငယ်များ ဆွေးနွေးပြောဆိုသည့် တံတားကို တည်ဆောက်ပေးပြီး ယဉ်ကျေးမှုမျိုးစုံ ဖလှယ်လေ့လာမှုကို တွန်းအားပေးခဲ့ပါသည်။
လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော နိုင်ငံတကာပညာတော်သင်များက ၎င်းတို့သည် ခရီးစဉ်အတွင်း တရုတ်စတိုင် ခေတ်မီဆန်းသစ်မှု၏ ယူနန် လက်တွေ့ကျင့်သုံးမှု ရလဒ်များနှင့် ယူနန် လူမျိုးစု အသီးသီး၏ ယဉ်ကျေးမှု ထူးခြားသော ဆွဲဆောင်မှုများကို စေတနာထား ခံစားခဲ့ကြရပြီး မြင်တွေ့ခဲ့ရသည်များ၊ ကြားသိခဲ့ရသည်များနှင့် ခံစားသိရှိခဲ့ရသည်များကို မိမိတို့၏ နိုင်ငံများသို့ ပြန်လည် ယူဆောင်သွားကြကာ ပြည်သူများ၏ နှလုံးသားချင်း ချိတ်ဆက်ပေးသည့် တံတားနှင့် သံတမန်များ အဖြစ်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။