中文 English {{ activeLangText || 'Languages' }} {{ item.text }}
နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားများအသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပြပွဲသည် နိုင်ငံနှင့် မိသားစုအကြား စိတ်ချင်းဆက်နွယ်မှုဖြင့် ပြန်လည်ရှင်သန် နိုးထရေးဆီသို့ ချီတက်မှုဆိုင်ရာ ဇာတ်လမ်းများကို ဖော်ကျူးပြသ
သတင်း > အကြောင်းအရာ

CRI|
分享到Facebook

အောက်တိုဘာလ ၁၁ ရက်နေ့က နိုင်ငံနှင့် မိသားစုအကြား စိတ်ချင်း ဆက်နွယ်မှုဖြင့် ပြန်လည်ရှင်သန်နိုးထရေးဆီသို့ - နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားများအသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပြပွဲကို တရုတ်နိုင်ငံပေကျင်းမြို့ရှိ ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ပွားများ သမိုင်းပြတိုက်တွင် စတင်ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲသည် နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားများအသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ အထူးပြပွဲပုံစံဖြင့် နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားများအသင်းချုပ် ဖွဲ့စည်းတည်ထောင်သည့် နှစ် ၇၀ အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရပ်ခြားမှ နေရပ်သို့ပြန်လာကြသည့် တရုတ်နွယ်ဖွားများ၏ မိသားစုဝင်များနှင့် နိုင်ငံရပ်ခြားရောက် တရုတ်နွယ်ဖွားများကို စည်းလုံးညီညွတ်စွာ စုစည်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုံးစုံ အကျိုးစီးပွားများအတွက် ဝန်ဆောင်မှုပေးသည့် ကြီးကျယ်ခမ်းနားသော ခရီးစဉ်ကို စနစ်တကျပြသထားသည်။