中文 English {{ activeLangText || 'Languages' }} {{ item.text }}
မဒမ် ဖုန်းလိယွမ်သည် ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ (UNESCO)မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြား
သတင်း > အကြောင်းအရာ

မဒမ် ဖုန်းလိယွမ်သည် ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ (UNESCO)မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြား

CRI|
分享到Facebook

ဒေသစံတော်ချိန် အောက်တိုဘာလ ၉ ရက်နေ့က ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ (UNESCO) မိန်းကလေးများငယ်များနှင့်အမျိုးသမီးများ ပညာရေး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖျင် ၏ ဇနီးဖြစ်သူ၊ ကုလသမဂ္ဂ (UNESCO) မိန်းကလေးငယ်များနှင့်အမျိုးသမီးများပညာရေးမြှင့်တင်ရေးဆိုင်ရာ အထူး သံတမန် မဒမ် ဖုန်းလိယွမ်သည် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

မဒမ် ဖုန်းလိယွမ်က လွန်ခဲ့သည့်နှစ်များတွင် ကုလသမဂ္ဂ (UNESCO) ၏ အင်တိုက်အားတိုက် အဆိုပြုမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေးလုပ်ငန်းတွင် စိတ်အားထက်သန်ဖွယ်ရာ တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မဒမ် ဖုန်းလိယွမ်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာမိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေးလုပ်ငန်းကို အစဉ်တစိုက် လွန်စွာ အလေးထားပြီး ကုလသမဂ္ဂ (UNESCO) ၊ သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံများစွာမှ အမျိုးသမီး အများအပြားကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် တရုတ် နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာကို အသုံးချပြီး ပညာရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ဆောင်ရွက်ကာ ပညာရေးဆိုင်ရာ ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်၍ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အဖိုးတန်သော အတွေ့အကြုံများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။