中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း သွင်းကုန်ထုတ်ကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၁၀၀ ကျော်လွန်
သတင်း > အကြောင်းအရာ

တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း သွင်းကုန်ထုတ်ကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၁၀၀ ကျော်လွန်

人民日报|
分享到Facebook

အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်တင်ရထားပြေးဆွဲမှု စုစုပေါင်း အကြိမ်ရေ ၂၅၀၀၀ ကျော်လွန်ခဲ့ပြီး သွင်းကုန်ထုတ်ကုန် ကုန်စည်တန်ချိန် ၂၀.၇၇ သန်းကျော်၊ ကုန်စည်တန်ဖိုး ယွမ် ၁၀၀.၄ ဘီလီယံကျော် ရောက်ရှိခဲ့သည်။ သွင်းကုန်ထုတ်ကုန် ကုန်စည်ပမာဏသည် တစ်နှစ်လျှင် ပျမ်းမျှ ၂၄% ကျော် တိုးတက်လာခဲ့ပြီး "ရွှေရောင်ပင်းမလမ်းကြောင်းကြီး"၏ အကျိုးသက်ရောက်မှုသည် ဆက်လက်ထင်ရှားလာကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းအားသစ်များ ဖြည့်ဆည်းပေးလျက်ရှိသည်။

​ရထားလမ်း အအေးခန်းပို့ဆောင်ရေးနှင့် နယ်စပ်ဂိတ် ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ငန်းစဉ် လွယ်ကူချောမွေ့မှုတို့သည် "အရှေ့တောင်အာရှ သစ်သီးခြံ" ကို "တရုတ် စားပွဲဝိုင်း" နှင့် ပိုမိုမြန်ဆန်စွာ ချိတ်ဆက်နိုင်ရန် တွန်းအားပေးခဲ့သည်။ ကိန်းဂဏန်းများအရ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ အပူပိုင်းသစ်သီးဝလံ စုစုပေါင်း တန်ဖိုး ယွမ် ၁၆ ဘီလီယံ ကျော် တင်သွင်းခဲ့ပြီး ဖြစ်သည်။

​စမတ်ဖုန်းများ၊ စက်မှုလုပ်ငန်းသုံးစက်ရုပ်များ၊ စွမ်းအင်သစ်မော်တော်ယာဉ်များနှင့် အပိုပစ္စည်းများစသည့် တန်ဖိုးမြှင့်နှင့် နည်းပညာမြင့် ထုတ်ကုန်များ တင်ပို့မှုအချိုးအစား ဆက်လက်မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ ၈ လတွင် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် စက်မှုနှင့် လျှပ်စစ်ပစ္စည်းများ တင်ပို့မှုတန်ဖိုး ယွမ် ၇.၄၂ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် တူညီသောကာလထက် ၅၈.၄% တိုးတက်လာကာ တရုတ်-လာအို ရထားလမ်း စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၆၆% ရှိခဲ့သည်။ နိုင်ငံခြားကုန်သွယ်ရေး "သစ်လွင်ပစ္စည်း သုံးမျိုး" တင်ပို့မှုတန်ဖိုး ယွမ် ၂.၇၃ ဘီလီယံရှိခဲ့ပြီး ယခင်နှစ် တူညီသောကာလထက် ၂၄၅.၂% တိုးတက်လာခဲ့သည်။ "အရှေ့တောင်အာရှ ဒေသထွက်ကုန်များ မြောက်ဘက်သို့ တင်ပို့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ထုတ်ကုန်များ တောင်ဘက်သို့ တင်ပို့သည့်" နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးပုံစံသည် အရှိန်အဟုန်မြှင့် ဖြစ်ပေါ်လာခဲ့သည်။