中文 English {{ activeLangText || 'Languages' }} {{ item.text }}
မဲခေါင် ၅ နိုင်ငံ ချစ်ကြည်ရေးမြို့များ၏ မီးသတ်နှင့် ကယ်ဆယ်ရေးသင်တန်းကို ကျောက်ထုန်းမြို့၌ ကျင်းပ
缅甸语 > အကြောင်းအရာ

မဲခေါင် ၅ နိုင်ငံ ချစ်ကြည်ရေးမြို့များ၏ မီးသတ်နှင့် ကယ်ဆယ်ရေးသင်တန်းကို ကျောက်ထုန်းမြို့၌ ကျင်းပ

云南日报|
分享到Facebook

မကြာသေးမီက "Yunnan Hand in Hand Program" (နှလုံးသားချင်းဆက်နွှယ် ယူနန်ခရီးစဉ်) မဲခေါင် ၅ နိုင်ငံ ချစ်ကြည်ရေးမြို့များ၏ မီးသတ်နှင့် ကယ်ဆယ်ရေးသင်တန်းကို အမျိုးသားမီးသတ်နှင့် ကယ်ဆယ်ရေးဗျူရို (ကျောက်ထုန်း) လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့သည်။

​လေ့ကျင့်ရေးကာလအတွင်း ကျောက်ထုန်းမီးသတ်ဌာနသည် ရှေ့တန်းကွပ်ကဲရေးမှူးများနှင့် လုပ်ငန်းကျွမ်းကျင်သူများကို နည်းပြများအဖြစ် ရွေးချယ်ခဲ့သည်။ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေး လက်တွေ့လိုအပ်ချက်များနှင့်အညီ သင်ရိုးညွှန်းတမ်းများကို ရေးဆွဲခဲ့ပြီး စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့သည်။ EMT (Emergency Medical Technician) အရေးပေါ်ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ကုသရေး၊ မြို့ပြရေကြီးရေလျှံမှု ကာကွယ်ထိန်းချုပ်ရေး၊ ရေစီးသန်သော မြစ်ချောင်းများအတွင်း ကယ်ဆယ်ရေး၊ ရေထဲသို့ မော်တော်ယာဉ် ကျဆင်းမှု ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စသည့်အဓိကဘာသာရပ်များကို သင်ကြားပေးခဲ့ရာ မကြာခဏ ဖြစ်ပွားလေ့ရှိသော ကယ်ဆယ်ရေးအခြေအနေမျိုးစုံ ပါဝင်ခဲ့သည်။ သင်တန်းသားများက သင်ယူရရှိခဲ့သည့် လက်တွေ့ကယ်ဆယ်ရေးအတွေ့အကြုံများကို အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်ကာ မိမိတို့နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြသည်။

​အဆိုပါ သင်တန်းကို ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းမှ အိမ်ရှင်အဖြစ်ကျင်းပပြီး ကျောက်ထုန်းမြို့နယ် အစိုးရပြည်ပရေးရာရုံးမှ တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၅ နိုင်ငံမှ မီးသတ်ဌာန အရာရှိများနှင့် ကျွမ်းကျင်ကယ်ဆယ်ရေးဝန်ထမ်း စုစုပေါင်း ၂၅ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤသင်တန်းသည် "Yunnan Hand in Hand Program" (နှလုံးသားချင်းဆက်နွှယ် ယူနန်ခရီးစဉ်) စီမံကိန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းများမှသည် အရေးပေါ်ကယ်ဆယ်ရေးနှင့် ဘေးကင်းလုံခြုံရေးစောင့်ရှောက်မှု နယ်ပယ်များသို့ တိုးချဲ့ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုများကို ပူးပေါင်းရင်ဆိုင် ဖြေရှင်းနိုင်ရန် ကူညီပေးခဲ့သည်။