中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်ရေတပ်၏ (၄၈) ကြိမ်မြောက် အစောင့်အရှောက် ရေတပ်အုပ်စု၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာ ပြီးဆုံး
အကြောင်းအရာ

တရုတ်ရေတပ်၏ (၄၈) ကြိမ်မြောက် အစောင့်အရှောက် ရေတပ်အုပ်စု၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

CRI|
分享到Facebook

စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) (၄၈) ကြိမ်မြောက် အစောင့်အရှောက် ရေတပ်အုပ်စု (The 48th PLA Navy Escort Task Group) သည် ရန်ကုန်ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံ၌ ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ် ပြီးစီးခဲ့ပါသည်။ မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများနှင့် တပ်မှူးတပ်သား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ် ကုမ္ပဏီ များနှင့်အဖွဲ့အစည်းများနှင့်တရုတ်နွယ်ဖွားတို့သည်  ဆိပ်ကမ်း၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ခရီးစဉ်ကာလအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံရေတပ်တို့အကြား ဘက်စုံလက်တွေ့ကျသော အပြန်အလှန်ဖလှယ်မှုများကို ပြုလုပ်ခဲ့ကြသည်။ တရုတ်ရေတပ်အုပ်စုမှူးသည် မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံခဲ့ပြီး တရုတ်ရေတပ်အဖွဲ့ဝင်များသည် မြန်မာ့ရေတပ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များသည် သင်္ဘောများအား လှည့်လည်ကြည့်ရှုခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာဖလှယ်မှုကဲ့သို့သော လှုပ်ရှားမှုများ မှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေ့လာသင်ယူခဲ့ကြပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာ စေခဲ့သည်ဟု သတင်း ရရှိပါသည်။