中文 English {{ activeLangText || 'Languages' }} {{ item.text }}
လှေထက်က သံယောဇဉ် ၊ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေးလှေကို အပြန်အလှန် နှလုံးသားထဲသို့ မောင်းနှင်ဝင်ရောက်စေခဲ့
သတင်း > အကြောင်းအရာ

လှေထက်က သံယောဇဉ် ၊ တရုတ်-ဗီယက်နမ် ချစ်ကြည်ရေးလှေကို အပြန်အလှန် နှလုံးသားထဲသို့ မောင်းနှင်ဝင်ရောက်စေခဲ့

云南日报|
分享到Facebook

စက်တင်ဘာလ ၂၁ ရက်နေ့တွင် "ချစ်ကြည်ရေးလှေထက် တေးသီကျူး၍ အနာဂတ်ဆီသို့ အတူတကွ သွားကြစို့" မျှဝေပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းယဉ်ကျေးမှုတက္ကသိုလ်၌ ကျင်းပခဲ့သည်။  

​ငုယင်ရှန် (ဟုန်းရှုဲ) ဗိုလ်ချုပ်သည် တရုတ်အလုပ်သမားနှင့် တောင်သူလယ်သမား တပ်နီတော်၏ မိုင်ပေါင်းသောင်းချီ ချီတက်မှုကို ပြီးဆုံးအောင် လျှောက်လှမ်းခဲ့သည့် တစ်ဦးတည်းသော ဗီယက်နမ်နိုင်ငံသား တော်လှန်ရေးသမားဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်၏ မြေးဖြစ်သူ ငုယင်မင်းကျွန်း သည် ငယ်စဉ်ကတည်းက အဘိုး၏ တော်လှန်ရေး ဇာတ်လမ်းများကို နားထောင်၍ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူက "ငုယင်ရှန် ဗိုလ်ချုပ်ဟာ ထိုစဉ်က တပ်နီတော်နဲ့အတူ နှင်းဖုံးတောင်တွေ၊ မြက်ခင်းပြင်တွေကို ဖြတ်သန်းခဲ့ပြီး အခက်အခဲဆုံး အခြေအနေနဲ့ ကြုံတွေ့ရရင်တောင် မူလစိတ်ဓာတ်ကို အစဉ်အမြဲ ဆုပ်ကိုင်ထားခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကို ထိုးဖောက်ကျော်လွှားပြီး ဘယ်တော့မှ လက်မလျှော့တဲ့ စွမ်းအားဟာ ကျွန်တော့်ကို ရှေ့ဆက်သွားဖို့ စဉ်ဆက်မပြတ် တွန်းအားပေးနေပါတယ်" ဟု ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ငုယင်မင်းကျွန်းသည် ဗီယက်နမ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းသို့ ဝင်ရောက်ခဲ့ပြီး အဘိုးထံမှ ရရှိသော လက်မလျှော့သည့် စိတ်ဓာတ်သည်ပင် မိမိအား ပံ့ပိုးပေးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။  

​တရုတ်နိုင်ငံ၌ မီဒီယာစီးပွားရေးပညာရပ်ကို သင်ယူနေသော ဗီယက်နမ် ပညာတော်သင်ကျောင်းသူ အိုးရှန်းကျင်း၏ မိသားစုမှတ်ဉာဏ်ထဲတွင် စစ်မီးလျှံခေတ်ကာလ၏ ပြည်သူ့သံယောဇဉ်များ ကိန်းဝပ်လျက်ရှိသည်။ သူမသည် ငယ်စဉ်ကတည်းက လူကြီးမိဘများထံမှ အဘိုးအဘွားများသည် ထိုစဉ်က ဗီယက်နမ်မှ ကူမင်းသို့ သွားရောက်၍ ဆေးကုသပေးခဲ့ပြီး ကျားပျံတပ်ဖွဲ့ကို အစွမ်းကုန် ကူညီထောက်ပံ့ပေးခဲ့ကြောင်း နားထောင်ခဲ့ရသည်။ မျိုးဆက်နှစ်ဆက်၏ တာဝန်ယူမှု မတူညီပုံနှင့် ပတ်သက်၍ အိုးရှန်းကျင်းက "ကျွန်မရဲ့ အဘိုးအဘွားတွေဟာ စစ်ပွဲကို ကြုံတွေ့ခဲ့ရပြီး သူတို့မျိုးဆက်ရဲ့ ဗီယက်နမ်-တရုတ် မိုးထဲလေထဲ လှေတစ်စင်းတည်း စီးခြင်း (ဒုက္ခဆင်းရဲကို အတူတကွ ရင်ဆိုင်ခဲ့မှု)ဟာ အမျိုးသားလွတ်လပ်ရေးနဲ့ တိုင်းပြည်အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ အကယ်၍ ကျွန်မတို့ မျိုးဆက်ရဲ့ တာဝန်ယူမှုကို စကားလုံးတစ်လုံးနဲ့ အနှစ်ချုပ်ရရင် ကျွန်မရဲ့ အဖြေက - ဆက်သွယ်ပေးခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ သူမက ချစ်ကြည်ရေးဆိုသည်မှာ အလွန်ကြီးမားသော စကားလုံးတစ်လုံး မဟုတ်ဘဲ အဖွားက မြေးမလေးကို ပြောပြသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်သကဲ့သို့ လူငယ်နှစ်ဦး စာအုပ်တစ်အုပ် သို့မဟုတ် ကူးလူးဖလှယ်ရေးတစ်ခုကြောင့် သူစိမ်းမှ မိတ်ဆွေဖြစ်လာခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ "အဘိုးအဘွားတွေက ဆရာဝန်သုံးနားကြပ်ကို ကိုင်ပြီး လူနာတွေကို ကယ်တင်ခဲ့ကြပေမဲ့ ကျွန်မကတော့ မိုက်ခရိုဖုန်းကို ကိုင်ပြီး အသံတွေကို လက်ဆင့်ကမ်းပေးနေပါတယ်။ မိုက်ခရိုဖုန်းကို အသုံးပြုပြီး ဗီယက်နမ်နဲ့ တရုတ်လူငယ်တွေကို အပြန်အလှန် မြင်တွေ့စေချင်၊ အပြန်အလှန် နားလည်စေချင်ပါတယ်"။  

​ပေကျင်းတက္ကသိုလ် သတင်းနှင့် ပြန်ကြားဆက်သွယ်ရေးကောလိပ် ပါမောက္ခ လုတီက တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ ထိစပ်နေပြီး ယဉ်ကျေးမှုဖလှယ်ရေး သမိုင်းကြောင်း ရှည်လျားသဖြင့် အပြန်အလှန် နီးကပ်နေသောကြောင့် ပိုမိုစဉ်ဆက်မပြတ်ရှိသော၊ တည်ငြိမ်သော၊ နက်ရှိုင်းသော ဆက်သွယ်ရေးများ လိုအပ်ကြောင်း ယူဆသည်။ သူသည် ဟနွိုင်းယဉ်ကျေးမှုတက္ကသိုလ်အား လန်ချန်း-မဲခေါင် ဒေသတွင်း မီဒီယာပြန်ကြားဆက်သွယ်ရေး သုတေသနအကယ်ဒမီ၏ သုတေသနနှင့် ကူးလူးဖလှယ်ရေးများတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး နှစ်နိုင်ငံတက္ကသိုလ်များမှ ဆရာ၊ ကျောင်းသားများနှင့် ပညာရပ်ဆိုင်ရာ ကူးလူးဆက်ဆံမှုများကို ပိုမိုတိုးချဲ့သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။  

​ဟနွိုင်းယဉ်ကျေးမှုတက္ကသိုလ် ကျောင်းအုပ်ကြီး ဒင်ကုန်းထွမ်းက ဗီယက်နမ်-တရုတ် တက္ကသိုလ်များ ကူးလူးဖလှယ်ရေးသည် အလည်အပတ်သွားရောက်ခြင်းနှင့် တွေ့ဆုံခြင်း အဆင့်တွင်သာ ရပ်တန့်မနေသင့်ဘဲ ပိုမိုအရေးကြီးသည်မှာ အတူတကွ အမှန်တကယ် လုပ်ဆောင်နိုင်သည့်၊ ရေရှည် လုပ်ဆောင်သွားနိုင်သည့် စီမံကိန်းများကို ရှာဖွေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ "တက္ကသိုလ်များ ကူးလူးဖလှယ်ရေး၏ အမှန်တကယ် သက်ဝင်လှုပ်ရှားမှုရှိသည့် နေရာသည် သဘောတူစာချုပ် မည်မျှချုပ်ဆိုခဲ့သည်ဆိုသည့် အပေါ်၌ မဟုတ်ဘဲ ကျောင်းသားများနှင့် ဆရာများ အမှန်တကယ် 'ကူးလူးသွားလာနိုင်ခြင်း' ရှိမရှိ အပေါ်၌သာ မူတည်ပါတယ်"။  

သတင်းထောက်။ ။ Liu Ziyu၊ Chen Chen၊ Chang Yuan၊ Peng Xiran(Intern)