လန်ချန်း-မဲခေါင် မြစ်တစ်စင်းတည်း ချစ်ကြည်ရေး လရောင် - ဒေသထွက်ကုန်များကို ပေါင်းကူးတံတားပြု၍ ချစ်ကြည်ရေးသံစဉ်ဖွဲ့သီခြင်း

စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် "လန်ချန်း-မဲခေါင် မြစ်တစ်စင်းတည်း ချစ်ကြည်ရေး လရောင်" ပျော်ရွှင်ဖွယ်ရာ ယူနန်အလုပ်ရုံ ဆောင်းဦးလယ်ပွဲ ယဉ်ကျေးမှုဈေးတန်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား ဘုရင်၏ အဆင့်မြင့် အကြံပေး၊ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ အက်ဆမ်အန်သည် ဈေးတန်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး "ကမ္ဘာကြီး၏ အသံကို နားဆင်ခြင်း" ပြခန်း၌ "ကျွန်တော် တရုတ်ပြည်သူတွေကို အလွန် ချီးကျူးဂုဏ်ပြုပါတယ်။ သင်တို့ဟာ လှပတဲ့ နိုင်ငံတော်ကြီးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး ထာဝရ တည်တံ့ခိုင်မြဲပါစေ" ဟု ရေးသားခဲ့သည်။

ထိုနေ့သည် တရုတ်တောင်သူများ ရိတ်သိမ်းချိန် ပွဲတော်နှင့် တိုက်ဆိုင်နေသည်။ "ကမ္ဘာကြီး၏ အသံကို နားဆင်ခြင်း" ပြခန်း၌ ယူနန်နယ်စပ်ကျေးရွာများနှင့် ကမ္ဘောဒီးယားတို့မှ ပထမမူလ အသံများကို နှစ်မြှုပ်ခံစားမှု အတွေ့အကြုံ ရရှိစေသော အသံဖိုင်များအဖြစ် ဖန်တီးထားရှိခဲ့သည်။ တရုတ်-ကမ္ဘောဒီးယား နှစ်ဘာသာ ပြန်ဆိုသူ ဝေဆယ်က ကမ္ဘောဒီးယား၏ ရိတ်သိမ်းချိန် ရာသီမှာ ပုံမှန်အားဖြင့် ၁၁ လ၊ ၁၂ လများ၌ ဖြစ်ရာ ယခု တေးသွားသည် တရုတ် တောင်သူများ ရိတ်သိမ်းချိန် ပွဲတော်နှင့် ကမ္ဘောဒီးယား၏ မကြာမီ ရောက်ရှိတော့မည့် ရိတ်သိမ်းချိန် ရာသီတို့ကို ဆောင်းဦးလယ် ဈေးတန်း၌ ပဲ့တင်ထပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

"ဖနွမ်းပင် သဟဇာတဖြစ်မှု" ဓာတ်ပုံရိုက်၍ အမှတ်တရထားရန် နေရာ၌ ကမ္ဘောဒီးယား ဧည့်သည်တော် ဝီဆာက "အာမောက် ငါးဟင်း" နှင့် "ဖူအယ်လက်ဖက်ရည်" တို့ကို "သဘောကျသည်" ဟူသော တံဆိပ် ကပ်ပေးခဲ့သည် - "တစ်ခုက တုန်းလီဆာပ် အိုင် မှ လာတာဖြစ်ပြီး တစ်ခုက လန်ချန်းမြစ်ကမ်းမှ လာတာ ဖြစ်ပါတယ်၊ ဒီနေ့ ဖနွမ်းပင်မှာ ဆုံဆည်းခဲ့ကြတာပါ"။
ဈေးတန်း၌ ကမ္ဘာ့အမွေအနှစ် နှစ်ခုသည် ကလေးငယ်များ၏ စုတ်တံများအောက်၌ "ဆုံဆည်းခဲ့ကြသည်"။ "'ကမ္ဘာ့အမွေအနှစ် ခရီးစဉ် စီမံကိန်း' အတူတကွ ပန်းချီဆွဲကြစို့" လှုပ်ရှားမှုနေရာ၌ ကမ္ဘောဒီးယား သရုပ်ဆောင်ငယ် ၄ ဦးသည် ကျင်းမိုင်တောင်နှင့် အန်ကောရှုခင်းများကို ရေးဆွဲထားသော ကင်းဗက်ရှေ့၌ ဆောင့်ကြောထိုင်ကာ အလေးအနက်ထား၍ ဆေးရောင်ခြယ်သနေကြသည်။ သရုပ်ဆောင်ငယ် တစ်ဦးက "ပန်းချီပေါ်က ကြည့်ရင် ကျင်းမိုင်တောင်ဟာ အရမ်းလှပပါတယ်၊ နောက်ပိုင်း တရုတ်နိုင်ငံကို ခရီးသွားတဲ့အခါ ကျင်းမိုင်တောင်ကို ခရီးသွား စာရင်းထဲ ထည့်သွင်းချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ဝတိုင်းရင်းသား ရက်ကန်းပြခန်းရှေ့၌ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု မြို့အဆင့် ကိုယ်စားပြု ဆက်ခံသူ လီရှန့်လန်းက ဒီဇိုင်းပုံစံများနှင့် နည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။ ဝတိုင်းရင်းသား ရက်ကန်းနည်းပညာကို ၂၀၂၁ ခုနှစ်တွင် ပဉ္စမအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကိုယ်စားပြုစီမံကိန်းစာရင်း၌ ထည့်သွင်းခြင်းခံခဲ့ရသည်။ "ဝတိုင်းရင်းသား ရက်ကန်းကို ကမ္ဘောဒီးယားသို့ ယူဆောင်လာနိုင်သည့်အတွက် အရမ်းဂုဏ်ယူမိပါတယ်၊ ကမ္ဘောဒီးယား လက်မှုပညာရှင်များနှင့် ဖလှယ်သင်ယူပြီး ဘဝများကို ပိုမိုကောင်းမွန်အောင် ဖြတ်သန်းသွားချင်ပါတယ်"။ ဈေးတန်း၏ အခြားတစ်ဖက်ရှိ မီလိုင် ခမာ အနုပညာ အလုပ်ရုံကမူ ကမ္ဘောဒီးယား လက်မှုပညာ၏ သပ်ရပ်လှပမှုကို ပြသနေပြီး ယင်း၏ "နတ်သမီး သရဖူ" ပုံသဏ္ဌာန်မှာ အန်ကော နံရံဆေးရေးပန်းချီများရှိ မတူညီသော နတ်သမီး ပုံရိပ်များမှ ထုတ်ယူထားခြင်း ဖြစ်သည်။
ယခုအကြိမ် ဈေးတန်းသည် ယူနန်၏ "ယူနန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ အကျိုးပြုစေရေး" ခေတ်သစ်ယဉ်ကျေးမှုလက်တွေ့ဆောင်ရွက်မှု တိုင်းပြည်ပြင်ပသို့ ခြေဆန့်ခဲ့သော ဆန်းသစ်သော ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး တရုတ်-ကမ္ဘောဒီးယား ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူလေ့လာရေး၏ သက်ဝင်လှုပ်ရှားသော ပုံရိပ်တစ်ခုလည်းဖြစ်သည်။