ယူနန် စိုက်ပျိုးရေးထုတ်ကုန်များ၏ တန်ဖိုး နှစ်ဆ မြင့်တက်လာမှု နောက်ကွယ်မှ ယုတ္တိဗေဒ

ယီလျံခရိုင် လော့ဝှန့်ကျေးရွာ ကျုံချန်ကျေးရွာ၌ စပါးများ ရင့်မှည့်လာသဖြင့် တောင်သူများသည် စိုက်ပျိုးရေးရာသီချိန်ကို အမိအရဆုပ်ကိုင်၍ စပါးများကို ရိတ်သိမ်းနေကြသည်။

ဂွမ်နန်းခရိုင် ဘားပေါ့မြို့နယ် ယားလုန်းခရီးသွားကျေးရွာရှိ ပြည်သူများသည် စပါးများကို ရိတ်သိမ်းနေကြသည်။

ရင့်မှည့်နေသော စပါးနှံများသည် သဘာဝအတိုင်း အောက်သို့ တွဲလောင်းကျနေသည်။

ဟွေဇယ်ခရိုင် ရွှေချိန်ရပ်ကွက်၌ ဆွမ်ကွမ်းသစ်တော်သီးနှင့် ပေါင်ကျူးသစ်တော်သီးများ အထွက်ကောင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူ ကျန်းရှင်းဖန်သည် သစ်သီးခြံအတွင်း၌ သစ်တော်သီးများကို ဆွတ်ခူးနေသည်။

ရွှမ်းဝေးမြို့ လိုက်ဘင်းလမ်းဆုံ ဟူထိုရပ်ကွက်၌ "Shine Muscat " စပျစ်သီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပြည်သူများသည် ရှုန်းတျန် ဟွေးနှင့်ယီ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ထန့်တျန်မြို့နယ်ရှိ ထင်းရှူးစေ့ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်း စီးပွားရေးလုပ်ငန်းအတွင်း၌ ထင်းရှူးသီးများကို ခွဲခြားရွေးချယ်နေကြသည်။

ယီလျံခရိုင် ဝမ်ချွမ်းရပ်ကွက် စိုက်ပျိုးရေးမိုးကာဖန်လုံတဲများအတွင်း ခရမ်းချဉ်သီးအသေးများ အထွက်ကောင်းခဲ့သည်။
စက်တင်ဘာလတွင် ယူနန်သည် ရိတ်သိမ်းချိန် ရာသီကို ကြိုဆိုခဲ့သည်။ ၂၀၂၆ ခုနှစ် တရုတ် တောင်သူများ ရိတ်သိမ်းချိန် ပွဲတော် ယူနန်ပြည်နယ် အဓိက အခမ်းအနား ကျင်းပရာနေရာကို ဆစ်ဆောင်ပန်းနား မုန်းဟိုင်ခရိုင်၌ သတ်မှတ်ခဲ့သည်။ ယူနန်စိုက်ပျိုးရေး ထုတ်ကုန်များ၏ တန်ဖိုးကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုနေကြပြီဖြစ်သည် - လုန်းလင် လုန်းကျန့် အရည်အသွေးမြင့် ဆန်နီ၏ ရောင်းဈေးသည် မူလဆန်ထက် ၆၀ % မြင့်တက်ခဲ့ပြီး ရွှမ်းဝေးဝက်ပေါင်ခြောက် တစ်ချောင်းလျှင် “လက်ရာမွန်”ဟု အမည်တပ်ကာ ယွမ် သောင်းဂဏန်းအထိ ဈေးနှုန်းသတ်မှတ်ထားရှိပြီး ယုန်းသဲ မက္ကဒေးမီးယားသီးသည် အရည်အသွေးမြင့် သစ်သီးထုတ်ကုန်များအနက် ပြည်တွင်းဖြစ် အစားထိုးမှု၏ စံနမူနာဖြစ်လာခဲ့သည်။
ယူနန်စိုက်ပျိုးရေးထုတ်ကုန်များ၏ တန်ဖိုး နှစ်ဆ မြင့်တက်လာမှု နောက်ကွယ်မှ ယုတ္တိဗေဒမှာ ရှင်းလင်းလှသည် - စံချိန်စံညွှန်း ပုံဖော်ခြင်းသည် စိုက်ပျိုးရေး ထုတ်ကုန်များကို ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများ ဖြစ်လာစေခဲ့သည်၊ အရည်အသွေးမြင့် တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်းသည် တန်ဖိုးများကို ထုတ်လုပ်ရာဒေသ၌ ကျန်ရှိစေခဲ့သည်၊ ကုန်အမှတ်တံဆိပ်ပုံဖော်ခြင်းသည် ထုတ်လုပ်ရာ မူလဒေသကို ကုန်အမှတ်တံဆိပ် ဖြစ်လာစေခဲ့သည်၊ စမတ်ပုံဖော်ခြင်းသည် ကုန်ကျစရိတ်များကို လျှော့ချပေးခဲ့သည်၊ စနစ်ပုံဖော်ခြင်းသည် တောင်သူများကို အကျိုးအမြတ်များ မျှဝေခံစားနိုင်ရန် အာမခံပေးခဲ့သည်။ စိုက်ပျိုးကောင်းမွန်ရုံမကဘဲ ပိုမိုကောင်းမွန်စွာ ရောင်းချနိုင်ရမည်၊ ကွင်းဆက်ကို ပိုမိုရှည်လျားစေရမည်၊ တရားမျှတစွာ ခွဲဝေပေးနိုင်ရမည်ဖြစ်သည်။