中文 English {{ activeLangText || 'Languages' }} {{ item.text }}
ရှီကျင့်ဖိန် သည် အမေရိကန်တက္ကသိုလ်ကောလိပ်ကျောင်း ၁၀ ကျောင်းမှ လူငယ် ကျောင်းသားများထံသို့ ပြန်စာပေးပို့
News Focus > အကြောင်းအရာ

ရှီကျင့်ဖိန် သည် အမေရိကန်တက္ကသိုလ်ကောလိပ်ကျောင်း ၁၀ ကျောင်းမှ လူငယ် ကျောင်းသားများထံသို့ ပြန်စာပေးပို့

CRI|
分享到Facebook

မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အမေရိကန် လူငယ်များ ကူးလူးဖလှယ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် တရုတ်နိုင်ငံသို့ လာရောက်ခဲ့ကြသည့် အမေရိကန် တက္ကသိုလ်ကောလိပ်ကျောင်း ၁၀ ကျောင်းမှ လူငယ်ကျောင်းသားများထံသို့ ပြန်စာပေးပို့ခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်-အမေရိကန်လူငယ်များသည် တူညီသော ကမ္ဘာကြီး တစ်ခုတွင် အတူယှဉ်တွဲနေထိုင်ပြီး ခေတ်ကာလ၏ တာဝန်ဝတ္တရားများကို အတူတကွ ထမ်းဆောင်ကြလျက်ရှိကြောင်း၊ သင်တို့အနေဖြင့် နှစ်နိုင်ငံလူငယ်အများအပြားနှင့်အတူ တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ဆက်ခံသူများ၊ ထိန်းသိမ်း စောင့်ရှောက်သူများနှင့် မြှင့်တင်ဆောင်ရွက်သူများ ဖြစ်လာရန် ဆက်လက်ကြိုးပမ်း အားထုတ်ပြီး နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ခင်မင်ရင်းနှီးမှု တိုးပွားစေကာ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲကြိုးပမ်းဆောင်ရွက် ၍ ပိုမိုသာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်ရန်အတွက် လူငယ်များ၏ စွမ်းဆောင်မှုများကို ပြုလုပ်ရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

မကြာသေးမီက အမေရိကန်ဟားဗတ်တက္ကသိုလ် အပါအဝင် အမေရိကန်တက္ကသိုလ် ကောလိပ်ကျောင်း ၁၀ ကျောင်းမှ လူငယ်ကျောင်းသား  ၁၀၀ ခန့်တို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ တရုတ်နိုင်ငံသို့ လာရောက်ပြီး “Future Makers 2026 China-US Youth Tour for a Shared Asia-Pacific Future” ကူးလူးဖလှယ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမှ ရရှိခဲ့သော အောင်မြင်မှုနှင့် ထိတွေ့ခံစားမှုများကို မျှဝေကာ တရုတ်-အမေရိကန်ချစ်ကြည်ရေး မြှင့်တင်ရန်အတွက် အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။