中文 English {{ activeLangText || 'Languages' }} {{ item.text }}
ကျားပျံတပ်ဖွဲ့ (Flying Tigers) ၏ စိတ်ဓာတ်ကို ခေတ်ကာလ၏ ခေါ်ယူမှုအကြား ထာဝရ ရှင်သန်လှုပ်ရှားမှုစွမ်းအား ကိန်းဝပ်စေမည်
ဆက်စပ်ဆောင်းပါးများ > အကြောင်းအရာ

ကျားပျံတပ်ဖွဲ့ (Flying Tigers) ၏ စိတ်ဓာတ်ကို ခေတ်ကာလ၏ ခေါ်ယူမှုအကြား ထာဝရ ရှင်သန်လှုပ်ရှားမှုစွမ်းအား ကိန်းဝပ်စေမည်

人民日报|
分享到Facebook

ယခုနှစ်သည် "တရုတ်လေတပ် အမေရိကန်စေတနာ့ဝန်ထမ်း တရုတ်ကူညီရေး လေကြောင်းတပ်ဖွဲ့" (ကျားပျံတပ်ဖွဲ့) တရုတ်သို့ လာရောက်၍ ဂျပန်ခုခံရေးစစ်ပွဲ၌ ပါဝင်ခဲ့သည့် ၈၅ နှစ်ပြည့်ဖြစ်သည်။ လွန်ခဲ့သော ၈၅ နှစ်က အမေရိကန် လေယာဉ်မှူး အသုတ်လိုက်သည် တရုတ်စစ်မြေပြင်သို့ သွားရောက်ခဲ့ပြီး တရုတ် စစ်တပ်နှင့် ပြည်သူများနှင့်အတူ ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့ကာ ဂျပန်စစ်လေယာဉ် ၂၆၀၀ ကျော်ကို ပစ်ချဒုက္ခပေးခဲ့ပြီး ဂျပန်စစ်သား ၆ သောင်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရာ ငြိမ်းချမ်းရေးကို ကာကွယ်သည့်၊ ဒုက္ခဆင်းရဲကို အတူတကွ ရင်ဆိုင်သည့် ကျားပျံတပ်ဖွဲ့ ၏ စိတ်ဓာတ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ မကြာသေးမီက ဝူဟန့်၊ နန်းကျင်း၊ လျူကျိုး၊ ကူမင်း စသည့်ဒေသများ၌ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခဲ့သည်။ ကျားပျံတပ်ဖွဲ့ ရဲဘော်ဟောင်းများ၏ မျိုးဆက်များနှင့် အမေရိကန် လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်ခုခံရေး စစ်ပွဲသမိုင်းနေရာများသို့ ပြန်လည်အလည်အပတ် ရောက်ရှိခဲ့ကြပြီး ၂၀၂၆ ကျားပျံတပ်ဖွဲ့ လူငယ်ခေါင်းဆောင်များ ဆွေးနွေးပွဲ၌ ပါဝင်ခဲ့ကာ ကျားပျံတပ်ဖွဲ့ တရုတ်အား ကူညီရေး ဂျပန်ခုခံရေးစစ်ပွဲ ပျောက်ဆုံးသူများ ရှာဖွေရေး စီမံကိန်း စတင်မှုကို သက်သေပြုခဲ့ကြသည်။  

​အသက် ၁၀၅ နှစ်ရှိပြီဖြစ်သော ဟာရီ . မိုယာသည် လက်ရှိတွင် သက်ရှိထင်ရှား ရှိနေသေးသော ကျားပျံတပ်ဖွဲ့ ရဲဘော်ဟောင်းများအနက် တစ်ဦးဖြစ်သည်။ ယခုနှစ် ဇူလိုင်လတွင် သူ၏သား ပီတာ . မိုယာသည် ဖခင်၏ မှာကြားချက်ကို သယ်ဆောင်၍ တရုတ်သို့ လာရောက်ကာ အထိမ်းအမှတ် လှုပ်ရှားမှုများ၌ ပါဝင်ခဲ့သည်။ ပီတာက ကျားပျံတပ်ဖွဲ့ စပရစ်သည် နှစ်နိုင်ငံ ပြည်သူများ၏ တစ်ဦးနှင့်တစ်ဦးအပေါ် သံယောဇဉ်များကို သယ်ဆောင်ထားရှိရာ သူသည် ဖခင်၏ တာဝန်ကို ဆက်ခံ၍ ကျားပျံတပ်ဖွဲ့ ၏ စိတ်ဓာတ်လက်ဆင့်ကမ်းဆက်ခံရေးကို ဆက်လက်တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။  

​ဒူးလစ်တဲလ်လှုပ်ရှားမှု (Doolittle Raid) ၌ ပါဝင်ခဲ့ဖူးသော အမေရိကန် လေယာဉ်မှူး ရော့ဒ်နီ. ရော့စ်. ဝိုင်းလ်ဒ်သည် ထိုစဉ်က စစ်ဆင်ရေးအတွင်း အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် တရုတ် ရွာသူရွာသားများ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည်။ သူ၏ မြေးဖြစ်သူ ကန်တန်ဘားဂ်က အမေရိကန် လေယာဉ်မှူးများကို ကယ်ဆယ်ခဲ့သည့်အတွက် ဒေသခံ တရုတ်ပြည်သူများသည် တရုတ်နိုင်ငံကို ကျူးကျော်သော ဂျပန်စစ်တပ်၏ ရက်စက်သော လက်စားချေခြင်းကို ခံခဲ့ရပြီး ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများကို ပေးဆပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် သူသည် တရုတ်သို့ လာရောက်ခဲ့ပြီး နန်းကျင်း ဂျပန်ခုခံရေး လေကြောင်းအာဇာနည် အထိမ်းအမှတ် ကျောက်တိုင်ရှေ့၌ အာဇာနည်များအား ပန်းခွေချအလေးပြုခဲ့သည်။  

​နန်းကျင်းမြို့၌ တရုတ်နှင့် အမေရိကန်ကျောင်းသားများသည် အထိမ်းအမှတ် ကဗျာများကို အတူတကွ ရွတ်ဆိုခဲ့ကြပြီး လျူကျိုးမြို့၌ ကျားပျံတပ်ဖွဲ့ တရုတ်အား ကူညီရေး ဂျပန်ခုခံရေးစစ်ပွဲ ၈၅ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲက “တရုတ်-အမေရိကန် ခေတ်သစ် ကျားပျံတပ်ဖွဲ့ဝင်များ အဆိုပြုချက်” ကို ကြေညာခဲ့ကာ ကျားပျံတပ်ဖွဲ့ ဟောပြောပွဲကို စတင်ခဲ့ပြီး ကျားပျံတပ်ဖွဲ့ ချစ်ကြည်ရေးကျောင်း သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်ရှိတွင် အမေရိကန်၌ ပြည်နယ် ၁၁ ခုမှ ကျောင်းပေါင်း ၄၈ ကျောင်းသည် ကျားပျံတပ်ဖွဲ့ ချစ်ကြည်ရေးကျောင်းများအဖြစ် ဆိုင်းဘုတ် တပ်ဆင် အသိအမှတ်ပြု ချီးမြှင့်ခံခဲ့ရပြီး တရုတ်နိုင်ငံ၌ ကျောင်းပေါင်း ၁၂၀ ခန့်သည် ကျားပျံတပ်ဖွဲ့ ချစ်ကြည်ရေးကျောင်း စီမံကိန်း၌ ပါဝင်လျက်ရှိသည်။  

​ယခုနှစ် မေလတွင် အမေရိကန် ကျားပျံတပ်ဖွဲ့ သမိုင်းကော်မတီ ဒုတိယဥက္ကဋ္ဌ မာကွမ်းချီသည် အမေရိကန် ပက်ပါဒိုင်း တက္ကသိုလ် ဆရာ၊ ကျောင်းသား ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ကွမ်ရှီ ဂွေ့လင်းသို့ သွားရောက်ခဲ့ပြီး အမေရိကန် ကျားပျံတပ်ဖွဲ့ ဂွေ့လင်းအမွေအနှစ်နေရာသို့ သွားရောက် ကြည့်ရှုခဲ့သည်။ မာကွမ်းချီက လူငယ်များသည် အမေရိကန်-တရုတ် ချစ်ကြည်ရေး၏ "မီးရှူးတန်ဆောင် ကိုင်ဆောင်သူ" နှင့် "တာဝန်ဆက်ခံသူ" များ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။ ကျားပျံတပ်ဖွဲ့ စစ်သေနာပတိ ဗိုလ်ချုပ် ချင်းနော့ဒ်၏ မြေးမဖြစ်သူ ဂျာလန်ဟွေးက ကျားပျံတပ်ဖွဲ့ သမိုင်းကို ရင်ဝယ်ပိုက်ထားခြင်းသည် အတိတ်ကို ပြန်လည်ကြည့်ရှုရုံမျှမက အနာဂတ်ကို လမ်းညွှန်ပေးခြင်းဖြစ်ပြီး ယင်း၏ အဖိုးအတန်ဆုံးသော အမွေအနှစ်သည် ချစ်ကြည်ရေးကို စောင့်ထိန်းရန်နှင့် ငြိမ်းချမ်းရေးကို လိုက်လံရှာဖွေရန် ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။