中文 English {{ activeLangText || 'Languages' }} {{ item.text }}
ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်များအပေါ် စိတ်အားထက်သန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေ
News Focus > အကြောင်းအရာ

ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်များအပေါ် စိတ်အားထက်သန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေ

CRI|
分享到Facebook

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အရေးကြီး ညွှန်ကြားချက် များကို ထုတ်ပြန်ခဲ့ရာ၌ ခေတ်မီထုတ်လုပ်မှုကို ဆက်တိုက်အားကောင်းလာစေပြီး တရုတ် အသွင်ပုံစံခေတ်မီရေးကို မြှင့်တင်ရန်အတွက် အားကောင်းသောအထောက်အကူပြုမှုပေး ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးညွှန်ကြားချက်များသည် ကေဒါခေါင်းဆောင်နှင့် ပြည်သူလူထုများကြားတွင် စိတ်အားထက်သန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြည်သူများက ခေတ်မီထုတ်လုပ်မှုဖွံ့ဖြိုးရေးကို အရေးကြီးသော မဟာဗျူဟာမြောက်တာဝန်တစ်ရပ်အဖြစ် ထားပြီး ဇွဲလုံ့လတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကာ ထုတ်လုပ်မှုအင်အားကြီးနိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေး ပန်းတိုင်ဆီသို့ မယိမ်းယိုင်ဘဲ ရှေ့ဆက်လျှောက်လှမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြ ပါသည်။