ယူနန်ပန်းမန်များသည် ဆောင်းဦးလယ်ပွဲတော်၌ အရှေ့တောင်အာရှသို့ မွှေးကြိုင်ပျံ့လွင့်ခဲ့
云南日报|

ဆောင်းဦးလယ်ပွဲတော် မကြာမီ ရောက်ရှိတော့မည်ဖြစ်ရာ ယူနန်နှင်းဆီပန်း၊ ကာနေးရှင်းပန်း (Carnation) နှင့် လင်းနို့ပန်း (Eustoma) စည်းအချို့သည် အရှေ့တောင်အာရှ ပန်းဈေးဆိုင်တန်းများတွင် တိတ်တဆိတ် ခင်းကျင်းထားရှိပြီး ဖြစ်သည်။ "အရှေ့တောင်အာရှ ဒေသသည် ယူနန် ပန်းလတ်များ တင်ပို့ရောင်းချရာ ဗဟိုဈေးကွက်ဖြစ်ပြီး ပြည်ပတရုတ်နွယ်ဖွားများနှင့် တရုတ်လူမျိုးများ အများဆုံး စုစည်းရာ ဒေသများအနက် တစ်ခုလည်းဖြစ်သည်။ ဆောင်းဦးလယ်ပွဲတော် ရောက်တိုင်း ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ စသည့်နိုင်ငံများရှိ တရုတ်အသိုင်းအဝိုင်းများ၌ ပန်းအနုပညာ အလှဆင်ခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟများထံ လက်ဆောင်ပေးအပ်ခြင်း စသည့်ဓလေ့ထုံးစံများ ရှိကြသည်" ဟု ကူမင်းမြို့ရှိ ပန်းကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ "ပြန်လည်ဆုံဆည်းခြင်းနှင့် လှပတင့်တယ်ခြင်းကို ကိုယ်စားပြုသော နှင်းဆီနှင့် ကာနေးရှင်းပန်း အမျိုးအစားများသည် အကြိုက်တွေ့ဆုံး ဖြစ်ကြပြီး ကျွန်ုပ်တို့ ကုမ္ပဏီ၏ ပြည်ပအော်ဒါမှာယူမှုများစွာ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့် ၂ လအတွင်း ပန်းလတ် တင်ပို့မှု ပမာဏသည် လအလိုက် ၃ % ကျော် တိုးတက်လာခဲ့သည်" ဟု ဆိုသည်။
ကူမင်းအကောက်ခွန် စာရင်းဇယားများအရ ယခုနှစ် ပထမ ၈ လအတွင်း ယူနန် ပန်းလတ် တင်ပို့မှု ပမာဏသည် ယွမ် ၁.၀၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၆.၆ % တိုးတက်လာခဲ့ကာ နိုင်ငံနှင့် ဒေသ ၆၀ သို့ ရောင်းချနိုင်ခဲ့ပြီး ပန်းလတ် တင်ပို့မှု ပမာဏသည် တစ်နိုင်ငံလုံး၌ ပထမနေရာတွင် စတင်တည်ငြိမ်စွာ ရပ်တည်နေသည်။