ရေတပ် (၄၈)ကြိမ်မြောက် လုံခြုံရေးအစောင့်အရှောက်ရေယာဉ်တပ်ဖွဲ့ အုပ်စုသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက်လည်ပတ်မည်
国防部网|
စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအရာရှိ ဗိုလ်မှူးကြီး ကျန်းဘင်းက မကြာမီက စစ်ဘက်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့သည်။

မကြာသေးမီက တရုတ်ရေတပ် (၄၈)ကြိမ်မြောက် လုံခြုံရေးအစောင့်အရှောက်ရေယာဉ်တပ်ဖွဲ့အုပ်စု သည် တာဝန်များ ပြီးဆုံးခဲ့ပြီး အေဒင်ပင်လယ်ကွေ့ရေပြင်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ပြန်လည်ထွက်ခွာသည့် လမ်းခရီး၌ ရေယာဉ်အုပ်စုသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် မလေးရှား ၃ နိုင်ငံတို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်မှုများ၊ စစ်သင်္ဘောများ လေ့လာကြည့်ရှုခွင့်ပြုခြင်း စသည့်လှုပ်ရှားမှုများကို ဆောင်ရွက်ကာ သက်ဆိုင်ရာ နိုင်ငံများနှင့် ရိုးရာချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေပြီး အိမ်နီးချင်းနိုင်ငံများ၏ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို အထောက်အကူပြု ဆောင်ရွက်ပေးမည်ဖြစ်သည်။