中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဝမ်ယိသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ
News Focus > အကြောင်းအရာ

ဝမ်ယိသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

CRI|
分享到Facebook

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပေကျင်းမြို့၌ အာဆီယံ အတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် တွေ့ဆုံခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် အာဆီယံကို အလွန်အရေးပါသော အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် ဦးစားပေးထားကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၅ နှစ်ပြည့်ခြင်းနှင့် ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်ခြင်းကို ဖြစ်ရာ နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် အာဆီယံ စည်းလုံးညီညွတ်မှုနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့ကို ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ပြီး ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မတူ အသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် အာဆီယံ နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။

Kao Kim Hourn က အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အခွင့်အလမ်းများကို မျှဝေခံစားရန်နှင့် စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ကျော်လွှားရန်၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ချဲ့ထွင်ရန်နှင့် အာဆီယံ-တရုတ် ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။