တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၅ နှစ် ပြည့်မြောက်ခြင်း
CRI|

၂၀၂၆ ခုနှစ်သည် တရုတ်-အာဆီယံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ တရုတ်သက်ဆိုင်ရာဌာနများနှင့် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်အရာရှိများသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပေကျင်းမြို့၌ အထိမ်းအမှတ်လှုပ်ရှားမှုကို ကြီးမှူးကျင်းပခဲ့သည်။ တရုတ်နိုင်ငံနှင့် အာဆီယအဖွဲ့တို့သည် နှစ်ပေါင်းများစွာအတွင်း တစ်ဦးနှင့်တစ်ဦး အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံများဖြစ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လူမှုယဉ်ကျေးမှုကူးလူး ဖလှယ်ရေး၊ ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျစွာ တွန်းအားပေးခဲ့ကာ ဒေသတွင်းပြည်သူ ၂ ဘီလီယံကျော်အား အကျိုးခံစားမှုများ ရရှိစေခဲ့သည်။
လှုပ်ရှားမှုသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက တရုတ်နိုင်ငံနှင့် အဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တောတောင်ရေမြေချင်း ဆက်စပ်ပြီး စိတ်နှလုံးသားချင်း ချိတ်ဆက်ကာ အေးအတူ၊ ပူအမျှ ဖြစ်သော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ အစဉ်အမြဲ ဖြစ်ကြကြောင်း၊ ၁၉၉၁ ခုနှစ်တွင် နှစ်ဦးနှစ်ဖက်တို့သည် ဆွေးနွေးဖက်ဆက်ဆံရေး စတင်ထူထောင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းအထိ နှစ်ဦးနှစ်ဖက်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံရေး လုံခြုံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှုနှင့် အပြန်အလှန်ဆက်သွယ်ရေး စသည့်နယ်ပယ်များသို့ အဆက်မပြတ် တိုးချဲ့ဆောင်ရွက်လာခဲ့ပြီး မိတ်ဖက် ဆက်ဆံရေးမှာ ခေတ်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။