中文 English {{ activeLangText || 'Languages' }} {{ item.text }}
ရှီကျင့်ဖိန်သည် ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီး ညွှန်ကြားချက်များ ထုတ်ပြန်
News Focus > အကြောင်းအရာ

ရှီကျင့်ဖိန်သည် ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီး ညွှန်ကြားချက်များ ထုတ်ပြန်

CRI|
分享到Facebook

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊  ဗဟိုစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီရက်များက ခေတ်မီထုတ်လုပ်မှု ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကြီး ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရာ၌ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှစ၍ တရုတ်နိုင်ငံ၏ အဆင့်မြင့် ထုတ်လုပ်မှုလုပ်ငန်းသည် အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုအားကောင်းလာကြောင်း၊ ဆန်းသစ်တီထွင်မှုစွမ်းရည်၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အထွေထွေအင်အားများသည် သိသာထင်ရှားစွာ တိုးတက်လာကာ ထုတ်လုပ်ရေးအင်အားကြီး နိုင်ငံတည်ဆောက်ရာတွင် ခိုင်မာသောတိုးတက်မှုရရှိခဲ့ကြောင်းဖော်ပြခဲ့ သည်။

တရုတ်ပြည်လုံးဆိုင်ရာ ခေတ်မီထုတ်လုပ်မှုညီလာခံကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပေကျင်းတွင် ကျင်းပခဲ့သည်။ ညီလာခံတွင် ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်များကို တစ်ဆင့်ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ညီလာခံသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။