中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဖိန်လုတူးမြောင်း တရားဝင် ရေကြောင်းစတင်ဖွင့်လှစ်
သတင်း > အကြောင်းအရာ

ဖိန်လုတူးမြောင်း တရားဝင် ရေကြောင်းစတင်ဖွင့်လှစ်

央广网|
分享到Facebook

ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်လမ်း လမ်းကြောင်းသစ်၏ အဓိကကျောရိုးစီမံကိန်းဖြစ်သည့် ဖိန်လုတူးမြောင်းသည် တရားဝင် ရေကြောင်း စတင်ဖွင့်လှစ်ပြေးဆွဲခဲ့သည်။  

​ဖိန်လုတူးမြောင်း တည်ဆောက်ရေးကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီး စုစုပေါင်း အရှည် ၁၃၄.၂ ကီလိုမီတာ ရှည်လျားကာ တန် ၅၀၀၀ အဆင့် သင်္ဘောများ သွားလာနိုင်၍ ပြည်တွင်း၌ ရေကြောင်းသွားလာမှု အဆင့်အတန်း အမြင့်ဆုံး တူးမြောင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် "ကမ္ဘာ့အမြင့်ဆုံး" စံချိန် ၄ ခုကို ချိုးနိုင်ခဲ့သည် - ကမ္ဘာပေါ်ရှိ အလားတူတူးမြောင်းများအနက် သင်္ဘောသွားလာနိုင်စွမ်း အမြင့်ဆုံးဖြစ်ခြင်း၊ ကမ္ဘာပေါ်တွင် အလားတူသင်္ဘောကျင်း ရေတံခါးများအနက် ရေကြောင်းသွားလာမှု အမြန်နှုန်းအမြန်ဆုံးဖြစ်ခြင်း၊ ကမ္ဘာ့ရေချွေတာသင်္ဘောဆည်များအနက် ရေအမြင့်ကွာခြားမှု အမြင့်ဆုံးဖြစ်ခြင်း၊ ကမ္ဘာ့ကုန်းတွင်းရေလမ်း ရေချွေတာသင်္ဘောဆည်များအနက် အတိုင်းအတာ အကြီးမားဆုံးဖြစ်ခြင်းတို့ ဖြစ်ကြသည်။