中文 English {{ activeLangText || 'Languages' }} {{ item.text }}
BRICS နိုင်ငံအကြီးအကဲများတွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည့် အဓိကမိန့်ခွန်းကို နိုင်ငံတကာ မိသားစုကြီးက ချီးကျူးခဲ့ကြပြီး BRICS ပူးပေါင်းဆောင်ရွက်မှု၏ "ရွှေရောင် ဆယ်စုနှစ်" သစ်တစ်ခုကို မျှော်လင့်
News Focus > အကြောင်းအရာ

BRICS နိုင်ငံအကြီးအကဲများတွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည့် အဓိကမိန့်ခွန်းကို နိုင်ငံတကာ မိသားစုကြီးက ချီးကျူးခဲ့ကြပြီး BRICS ပူးပေါင်းဆောင်ရွက်မှု၏ "ရွှေရောင် ဆယ်စုနှစ်" သစ်တစ်ခုကို မျှော်လင့်

CRI|
分享到Facebook

(၁၈) ကြိမ်မြောက် BRICS နိုင်ငံအကြီးအကဲများတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သော အရေးပါသည့် မိန့်ခွန်းသည် "BRICS မိသားစု" အနေဖြင့် လာမည့် "ရွှေရောင် ဆယ်စုနှစ်" ဆီသို့ အတူတကွ ရှေ့ဆက်ရန်အတွက် ရှင်းလင်းစွာ လမ်းညွှန်ပေးပြီး နိုင်ငံအသီးသီးတို့၏ လူသားကံကြမ္မာတူအသိုက်အဝန်း လက်တွဲတည်ဆောက်ရန်အတွက် တက်ကြွပြင်းပြသော တွန်းအားကို ပေးအပ်လိုက်ကြောင်း နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များက ပြောကြားခဲ့ကြသည်။

 ရုရှား ဒူးမားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီ အမှတ် ၁ ဒုဥက္ကဌ Dmitry Novikov က တရုတ်သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်း၊ အထူးသဖြင့် ဉာဏ်ရည်တုဆိုင်ရာ အရေးပါသော အကြောင်းအရာသည် အာရုံစိုက်မှုကို အထူးဆွဲဆောင်ခဲ့ကြောင်း၊ ဤနယ်ပယ်တွင် တရုတ်နိုင်ငံသည် ရှေ့ဆောင်လမ်းပြ ဖြစ်ရုံသာမက ဉာဏ်ရည်တုနည်းပညာအနေဖြင့် လူသားတစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုဝန်ဆောင်မှုပေးနိုင်စေရန် မိမိတို့၏ အတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိအနေဖြင့် လေးစားကြောင်း ပြောကြားခဲ့သည်။

 ထိုင်း ဝန်ကြီးချုပ်ဟောင်း Pinij Jarusombat က မိမိတို့သည် သမ္မတရှီ၏ အဆိုပြုချက်များကို ခိုင်မာပြတ်သားစွာ ထောက်ခံပြီး သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ကာ "Greater BRICS ပူးပေါင်းဆောင်ရွက်မှု" အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ဘက်အသီးသီးတို့နှင့်အတူ လက်တွဲတွန်းအားပေးကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ထို့အပြင် နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များကလည်း BRICS မူဘောင်အတွင်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန်နှင့် "Greater BRICS ပူးပေါင်းဆောင်ရွက်မှု" အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း အသီးသီးပြောကြားခဲ့ကြသည်။