အင်ဒိုနီးရှား ကျေးလက်ကေဒါများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့ဆောင်ရွက်မှုများကို လေ့လာစူးစမ်းရန် ယူနန်ပြည်နယ်စစ်ဆောင်ပန်းနားသို့ သွားရောက်လေ့လာခဲ့
စက်တင်ဘာလ ၁၂ ရက်တွင် အင်ဒိုနီးရှား ကျေးလက် အခြေခံကေဒါများနှင့် သက်ဆိုင်ရာ ဝန်ထမ်း ၂၀ ကျော် ပါဝင်သော လေ့လာရေးအဖွဲ့သည် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားသို့ ကွင်းဆင်းလေ့လာရေး သွားရောက်ခဲ့ပြီး ဒေသတွင်း ထူးခြားချက်ရှိသော ကုန်ထုတ်လုပ်ငန်းများ မွေးမြူပျိုးထောင်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများကို အကျိုးပြု၍ ကြွယ်ဝစေခြင်း စသည့်ဘက်များ၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးသက်ရောက်မှုများနှင့် လက်တွေ့အတွေ့အကြုံများကို အသေးစိတ် လေ့လာခဲ့ကြသည်။

ထိုအတောအတွင်း လေ့လာရေးအဖွဲ့သည် ကျင်းဟုန်းမြို့ ပူဝမ်းမြို့နယ်ရှိ ကော်ဖီစိုက်ပျိုးရေးစခန်းတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ကော်ဖီကုန်ထုတ်လုပ်ငန်း စံချိန်စံညွှန်းမီ စိုက်ပျိုးခြင်း၊ အဆင်မြင့် ပြုပြင်မွမ်းမံခြင်း၊ ဈေးကွက်တင်ရောင်းချခြင်း ဟူသောကွင်းဆက်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု မော်ဒယ်ကို အသေးစိတ် လေ့လာခဲ့ကာ ဒေသတွင်း ကွင်းဆက်တစ်ခုလုံး အခင်းအကျင်းကို အမှီပြု၍ ကော်ဖီကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း၊ ကျေးလက်ကုန်ထုတ်လုပ်ငန်း အဆင့်မြှင့်တင်ရေးကို ကူညီပေးခြင်း စသည့်ရင့်ကျက်သော အတွေ့အကြုံများကို နက်ရှိုင်းစွာ ရယူခဲ့သည်။ ပူဝမ်းမြို့နယ် ရေထွက်ပစ္စည်း မွေးမြူရေးစခန်း၌ လေ့လာရေးအဖွဲ့သည် ဂေဟစနစ် စံချိန်စံညွှန်းမီ မွေးမြူခြင်း၊ ထူးခြားဆန်းသစ်သော အစားအစာ အဆင့်မြင့် ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးနည်း ငါးဖမ်းထွက်ကုန်များကို သယံဇာတအဖြစ် ပြန်လည်အသုံးပြုခြင်း ဟူသောဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ကွင်းဆင်းလေ့လာခဲ့သည်။

လေ့လာရေးအဖွဲ့ဝင်များသည် မိုင်းဟန်မြို့နယ် "ဆန်းမန်း" ရွာသို့ နက်ရှိုင်းစွာ သွားရောက်လေ့လာခဲ့ပြီး နယ်စပ်တိုင်းရင်းသားကျေးရွာများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှု အတွေ့အကြုံများကို အဓိကထား လေ့လာခဲ့ကြသည်။ "ဆန်းမန်း"ရွာကို မန်းခုံးတိုက်၊ မန်းခုံးမိုင်၊ မန်းလွမ်းကျန်း ဟူသော သဘာဝကျေးရွာ ၃ ရွာကို ဆက်စပ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး ဒေသတွင်း၌ ကျေးရွာတစ်ခုစီ၏ ပထဝီဝင် ဆက်စပ်မှု၊ သယံဇာတ ပေါင်းစပ်မှု၊ ကုန်ထုတ်လုပ်ငန်း ချိတ်ဆက်မှု အားသာချက်များကို အမှီပြု၍ ကျေးရွာသယံဇာတများကို ပေါင်းစည်းဖော်ထုတ်ကာ ကျေးရွာရုပ်သွင်ကို မြှင့်တင်ပြီး "စားသောက်၊ တည်းခို၊ သွားလာ၊ လည်ပတ်၊ ဝယ်ယူ၊ အပန်းဖြေ၊ ကျန်းမာရေး" ကွင်းဆက်တစ်ခုလုံး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပုံစံများကို ပြည့်စုံစေခဲ့ရာ စစ်ဆောင်ပန်းနား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ စံနမူနာတစ်ခုဖြစ်သည်။
သိရှိရသည်မှာ အင်ဒိုနီးရှား ကျေးလက်ကေဒါ သင်တန်းကျောင်း စီမံကိန်း ("ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်း") ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် အကြိမ်ပေါင်း ၆ ကြိမ် ကျင်းပခဲ့ပြီး အင်ဒိုနီးရှား ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ကို တရုတ်နိုင်ငံသို့ စေလွှတ်၍ သင်တန်းတက်ရောက်စေကာ တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု လက်တွေ့ဆောင်ရွက်ချက်များကို စနစ်တကျ လေ့လာစေခဲ့သည်။ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သင်တန်းတက်ရောက်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိနိုင်ငံ၏ ကျေးလက်ဒေသ လက်တွေ့အခြေအနေများနှင့် ပေါင်းစပ်၍ မျက်မြင်တွေ့ရှိနိုင်သော၊ အတုယူနိုင်သော၊ ဖြန့်ဝေနိုင်သော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ဖန်တီးခဲ့ကြပြီး တရုတ်-အင်ဒိုနီးရှား အခြေခံအဆင့် စီမံခန့်ခွဲမှု အတွေ့အကြုံများ အပြန်အလှန် လေ့လာရေးကို ပုံမှန်အခြေအနေသို့ တွန်းအားပေးခဲ့သည်။