中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူသားပုံစံတူ စက်ရုပ်အားကစားပြိုင်ပွဲ ကျင်းပမည်
သတင်း > အကြောင်းအရာ

ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူသားပုံစံတူ စက်ရုပ်အားကစားပြိုင်ပွဲ ကျင်းပမည်

CRI|
分享到Facebook

ဒုတိယအကြိမ်မြောက် ကမ္ဘာ့လူသားပုံစံတူ စက်ရုပ်အားကစားပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ တွင် "ရေခဲဖဲကြိုး- Ice Ribbon " ဟု  လူသိများသော အမျိုးသားအမြန်နှုန်းစကိတ်ကွင်း၌ ဖွင့်လှစ်မည် ဖြစ်သည်။ ယခုအကြိမ်အားကစားပြိုင်ပွဲကို ပေကျင်းမြို့ပြည်သူ့အစိုးရနှင့် China Media Group တို့မှ ပူးတွဲဦးစီးကျင်းပခြင်းဖြစ်သည်။  ဖွင့်ပွဲအခမ်းအနားကို "အနာဂတ်အတွက် အသိဉာဏ်ဖြင့် ယှဉ်ပြိုင်ခြင်း " ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး "အတွေးအခေါ် + အနုပညာ + နည်းပညာ" တို့ ရောနှောပေါင်းစပ်ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ  သဘောတရားကို အခြေခံကာ လူသားပုံစံတူစက်ရုပ် တစ်ထောင်ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။