中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယူနန်ပြည်နယ်မှ တောမှိုများ ကမ္ဘာတစ်ဝန်းသို့ လတ်လတ်ဆတ်ဆတ် ပို့ဆောင်လျက်ရှိ
အကြောင်းအရာ

ယူနန်ပြည်နယ်မှ တောမှိုများ ကမ္ဘာတစ်ဝန်းသို့ လတ်လတ်ဆတ်ဆတ် ပို့ဆောင်လျက်ရှိ

人民网|
分享到Facebook

ယူနန်ပြည်နယ်သည် “တောမှိုများ၏ ဘုရင်နိုင်ငံ” ဟု အမည်ကောင်း ရရှိထားပြီး သဘာဝ စားသုံး တောမှို အရင်းအမြစ်သည် ကမ္ဘာတစ်ဝန်း၏ ၄၀ ရာခိုင်နှုန်းကျော်နှင့် တရုတ်တစ်နိုင်ငံလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေပါသည်။ ကူမင်းအကောက်ခွန်၏ စာရင်းဇယားများအရ ယခုနှစ် ပထမ ၇ လအတွင်း ယူနန်ပြည်နယ်သည် လတ်ဆတ် တောမှိုနှင့် အေးခဲ တောမှို ၁၈၅၇.၁ တန် တင်ပို့ခဲ့ရာ ယမန်နှစ်ကထက် ၂၄.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဂျပန်၊ ဂျာမနီ၊ ဗီယက်နမ် အပါအဝင်နိုင်ငံနှင့် ဒေသ ၂၆ ခုသို့ တင်ပို့ရောင်းချခဲ့ပါသည်။ တောမှိုသေးသေးလေးများသည် ယူနန်ပြည်နယ် တောင်တန်းဒေသ ခရိုင်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး ပြည်သူများ၏ ဝင်ငွေကို တိုးတက်စေသည့်“ရွှေခဲ”များဖြစ်လာခဲ့ပါသည်။

ယူနန်ပြည်နယ် ဒီချိန်းဇန့်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှန်ဂရီလာမြို့ရှိ ကုမ္ပဏီတစ်ခု၏ ပြုပြင်မွမ်းမံရေး အလုပ်ရုံအတွင်း ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပိုင်းတောင်တန်းဒေသများမှ ဆွတ်ခူးရရှိသော matsutake တောမှိုများကို အကောက်ခွန်၏ ဒေသတွင်း စစ်ဆေးမှုအောင်မြင်ပြီးနောက် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချတော့မည်ဖြစ်ပါသည်။

“ကျွန်တော်တို့ တင်ပို့တဲ့ လတ်ဆတ် matsutake နဲ့ အေးခဲ matsutake တွေဟာ ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်မီတာ ၃၅၀၀ ကျော်ရှိတဲ့ ရှန်ဂရီလာ တောင်တန်းဒေသက အခြေခံတာဖြစ်ပါတယ်”ဟု ကုမ္ပဏီအထွေထွေမန်နေဂျာ ကွော့ကျင်းယွန်းက ပြောကြားခဲ့ပါသည်။ “လတ်ဆတ်တောမှို တင်ပို့မှုဟာ အချိန်ကာလအပိုင်းအခြား အလွန်လိုအပ်ပါတယ်၊ တစ်ရက်စောပြီး တင်ပို့နိုင်လေ ပိုမိုလတ်ဆတ်လေဖြစ်သလို ဈေးကွက်ယှဉ်ပြိုင်စွမ်းအားလည်း ပိုမိုရရှိလေပါပဲ။ အကောက်ခွန်၏ လွယ်ကူချောမွေ့တဲ့ ဆောင်ရွက်မှုတွေက ကျွန်တော်တို့ ထုတ်ကုန်တွေကို ပြည်ပဝယ်ယူသူတွေဆီ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရုံတင်မက တောင်ပေါ်ဒေသက မှိုစိုက်တောင်သူတွေအတွက်လည်း အာမခံချက် ပိုမိုရရှိစေပြီး ဝင်ငွေကို ပိုမိုခိုင်မာစေပါတယ်”ဟုဆိုပါသည်။ လုပ်ငန်းပမာဏ တိုးချဲ့လာသည်နှင့်အမျှ ယင်းလုပ်ငန်းသည် အေးခဲ porcini အမျိုးအစားများ၊ အခြောက်ခံ morel အမျိုးအစားများ စသည့်နက်ရှိုင်းစွာ ပြုပြင်မွမ်းမံထားသော ထုတ်ကုန်များကို တိုးချဲ့ခဲ့ရာ လုပ်ငန်းကွင်းဆက်ကို တိုးချဲ့လိုက်သလို အပိုတန်ဖိုးများလည်း တိုးတက်လာခဲ့ပါသည်။

ယူနန် တောမှိုများ ကမ္ဘာတစ်ဝန်းသို့ လတ်လတ်ဆတ်ဆတ် ရောက်ရှိစေရန်နှင့် ခရိုင်အဆင့် ထူးခြားသော လုပ်ငန်းများကို ကြီးမားခိုင်မာလာစေရန် အထောက်အကူပြုရေးအတွက် ကူမင်းအကောက်ခွန်သည် “ဒေသတွင်း + ဂိတ်” ပူးပေါင်း ရှေ့လျားစီမံခန့်ခွဲမှုကို နက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိပါသည်။ ရှန်ဂရီလာ၊ တယ်ချင်း စသည့် တောမှို အဓိကထွက်ရှိရာ ဒေသများတွင် ဒေသတွင်းအကောက်ခွန်သည် ကြိုတင်ပါဝင်၍ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများ၏ အရည်အသွေး ထိန်းချုပ်မှု စနစ်ကို ပိုမိုကောင်းမွန်အောင် ကူညီလမ်းညွှန်ပေးခဲ့ကာ တင်ပို့မှု စစ်ဆေးရေးနှင့် သီးနှံပိုးမွှားကင်းစင်ရေး ထောက်ခံစာ “အွန်လိုင်း ထုတ်ပြန်ရေး”စသည့် လွယ်ကူချောမွေ့သည့် ဆောင်ရွက်ချက်များကို တိုးချဲ့ အသုံးပြုခဲ့ပါသည်။ ဂိတ်အကောက်ခွန်သည် လတ်ဆတ် စိုက်ပျိုးရေး ထုတ်ကုန်များ တင်ပို့ရေးအတွက် “စိမ်းလန်းသောလမ်းကြောင်း”ကို ဖွင့်လှစ်ပေးခဲ့ပြီး “၇×၂၄ နာရီ ကြိုတင်ရက်ချိန်းယူ စစ်ဆေးခြင်း” စသည့်လွယ်ကူချောမွေ့သည့် ဆောင်ရွက်ချက်များကို ဖော်ဆောင်ခဲ့ရာ ဒေသတွင်း စစ်ဆေးမှုနှင့်ဂိတ် စီမံခန့်ခွဲမှုတို့ နီးကပ်စွာ ချိတ်ဆက်မိပြီး တင်ပို့မှုအကောက်ခွန်ပို့ဆောင်ရေး ထိရောက်မှုကို ဆက်လက်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

“ကျွန်တော်တို့ဟာ မူဝါဒများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း’လှုပ်ရှားမှုကို ပုံမှန်ကျင်းပပြီး လုပ်ငန်းများအတွက် တင်ပို့မည့် နိုင်ငံများ၏ သီးနှံပိုးမွှားကင်းစင်ရေး လိုအပ်ချက်များကို တိကျစွာ ရှင်းလင်းပြောကြားပေးပါသည်၊ လုပ်ငန်းများ ဒေသတွင်း လျှောက်ထားမှုနှင့် မူရင်းဒေသထောက်ခံစာ လျှောက်ထားမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခဲ့ပြီး အခွန်ကင်းလွတ်ခွင့်နှင့် ထောက်ခံစာ လျှောက်ထားခြင်း စသည့် အပိုင်းများတွင် ‘တစ်ဦးချင်း’ မူဝါဒဆိုင်ရာ လမ်းညွှန်မှုများကို ပံ့ပိုးပေးလျက်ရှိပါတယ်”ဟု ကူမင်းအကောက်ခွန်လက်အောက်ခံ ရှန်ဂရီလာအကောက်ခွန် ပေါင်းစပ်လုပ်ငန်းဌာနခွဲမှူး ရန်ရှောင်က ပြောကြားခဲ့ပါသည်။