中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယွမ်လုံဖိန် ကွယ်လွန်ခဲ့သည်မှာ ၅ နှစ်ရှိပြီဖြစ်သော်လည်း ၎င်းတို့သည် လယ်ကွင်းပြင်ကို ဆက်လက် စောင့်ရှောက်နေဆဲ ဖြစ်သည်
သတင်း > အကြောင်းအရာ

ယွမ်လုံဖိန် ကွယ်လွန်ခဲ့သည်မှာ ၅ နှစ်ရှိပြီဖြစ်သော်လည်း ၎င်းတို့သည် လယ်ကွင်းပြင်ကို ဆက်လက် စောင့်ရှောက်နေဆဲ ဖြစ်သည်

云南日报|
分享到Facebook

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ယွမ်လုံဖိန် စူပါမျိုးစပ်စပါး စိုက်ပျိုးရေး ကေးကျူး စံပြစခန်းသည် ဆောင်းဦးသီးနှံ ရိတ်သိမ်းပွဲကို ကြိုဆိုခဲ့ကြသည်။ ပညာရှင်အဖွဲ့၏ ရိတ်သိမ်းခြင်း၊ အလေးချိန်ခြင်တွယ်ခြင်းနှင့် တွက်ချက်ခြင်းများအရ အဆိုပါစခန်း၏ စပါးထွက်ရှိမှု ရလဒ်မှာ တရုတ်တစ်မူလျှင် ၉၆၆.၈ ကီလိုဂရမ် ရှိခဲ့ပြီး မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။ ယခုနှစ်တွင် အဆိုပါစခန်း၌ စပါး ၁၀၆ မူ နီးပါး စိုက်ပျိုးခဲ့ပြီး အနှံကြီး၍အစေ့များခြင်း၊ အစေ့အောင်နှုန်း မြင့်မားခြင်းနှင့် လဲပြိုမှုကို ခံနိုင်ရည်အား ကောင်းမွန်သည့် "လီလျံယူ ၈၀၂၂" စပါးမျိုးကောင်းမျိုးသန့်ကို ရွေးချယ်ကာ စိုက်ပျိုးရေးနည်းလမ်းကောင်းများနှင့် ပေါင်းစပ်ပြီး လူနှင့် စက်ယန္တရားများ ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် သိပ္ပံနည်းကျ သုတေသန စမ်းသပ်မှု၏ တိကျမှုကို အာမခံထားခြင်းဖြစ်သည်။  

​ယခုနှစ်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဝမ်ဖူဆန်းသည် စခန်းအတွင်း အတွေ့အကြုံ အရှိဆုံး စိုက်ပျိုးရေး နည်းပညာရှင်များအနက် တစ်ဦးဖြစ်ပြီး ပင်စင်ယူပြီးနောက် စမ်းသပ်စိုက်ပျိုးရေးကွင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၈ နှစ် ရှိပြီဖြစ်သည်။ ၎င်းက "ကျွန်တော် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသေးသရွေ့ ဆရာကြီးယွမ်ရဲ့ ဆန္ဒတွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာပါ" ဟု ပြောကြားခဲ့သည်။ အဆိုပါစခန်းသည် ယွမ်လုံဖိန် သိပ္ပံအကယ်ဒမီအဖွဲ့ဝင်လုပ်ငန်းစခန်းကို အခြေပြု၍ နှစ်စဉ် အမျိုးသား အဓိက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအောက်ရှိ စပါးစီမံကိန်း ၁ ခုမှ ၂ ခုအထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့် စပါးမျိုးဗီဇ အရင်းအမြစ် ၁၀၀၀ ကျော်ကို မိတ်ဆက် ဆောင်ရွက်ခဲ့သည်။ အမျိုးသား မျိုးစပ်စပါး သိပ္ပံနည်းပညာသုတေသနစင်တာ ကုန်းပြင်မြင့်ဒေသ မျိုးမွေးမြူရေး စံပြဗဟိုဌာန၏ ဒုတိယညွှန်ကြားရေးမှူး လီဝန်ယိုက စခန်းအနေဖြင့် အထွက်နှုန်းမြင့်မားသည့် စပါးမျိုးစပ် အတွဲအစပ် ၆ ခုကို စိစစ်ရွေးချယ်ထားပြီး မိမိဘာသာ မွေးမြူထားသည့် "ရှီးတူး အမှတ် (၂)" စပါးမျိုးကို ပြည်နယ်နှင့် မြို့နယ်များစွာတွင် စမ်းသပ်စိုက်ပျိုး ဖြန့်ဖြူးခဲ့ရာ စိုက်ပျိုးသူများ၏ ကောင်းမွန်သော အကဲဖြတ်မှုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။  

​လက်ရှိတွင် အဆိုပါစခန်း၌ လုပ်ငန်းအသီးသီးကို ဆောင်ရွက်နေသူ ၉ ဦးစလုံးသည် စိုက်ပျိုးရေးဌာနမှ ပင်စင်စားများ ဖြစ်ကြသည်။ ထိုသက်ကြီးဆံပင်ဖြူ နည်းပညာရှင်များအဖွဲ့သည် ချူရှုန်း၊ ဝန်ရှန်း၊ ယွီရှီး စသည့်ပြည်နယ်ခွဲနှင့် မြို့နယ် ၆ ခုတွင် စူပါမျိုးစပ်စပါးများကို စိုက်ပျိုးမူ ၃ သိန်းကျော်အထိ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး စပါးထွက်ရှိမှု တန်ချိန် ၆ သောင်းကျော် တိုးတက်လာကာ ဝင်ငွေ ယွမ် သန်း ၁၈၀ ကျော် တိုးတက်ရရှိစေပြီး စားနပ်ရိက္ခာဖူလုံရေးကို ကာကွယ်ထိန်းသိမ်းရာတွင် မိမိတို့၏ အင်အားကို ဖြည့်ဆောင်ရွက်ပေးခြင်းဖြစ်သည်။။