ခြိမ်းခြောက်မှုဆိုင်ရာ ပြောဆိုချက်အမျိုးမျိုးကို ဖြန့်ဝေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေကြောင်း တရုတ်ဆို
CRI|
စက်တင်ဘာလ ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံ၏ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသည် အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေသည်ဟူသော အမေရိကန် AI ကုမ္ပဏီများ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ Guo Jiakun က ဉာဏ်ရည်တု (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအားလုံး၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်မှု၊ အားလုံးအတွက် အကျိုးရှိစေမှုနှင့် အားလုံးအကျိုးခံစားနိုင်မှုကို ဦးတည်သော ဉာဏ်ရည်တု (AI) နည်းပညာကို ပူးတွဲမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် ပြောဆိုချက်အမျိုးမျိုးကို ဖြန့်ဝေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေရုံသာမက မည်သည့်ဘက်အတွက်မျှ အကျိုးမရှိကြောင်း ပြောကြားခဲ့သည်။