中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းမှာ ၂၀၁၈ ခုနှစ်ထက် ၅ ဆင့် မြင့်တက်လာ
ရှုထောင့် > အကြောင်းအရာ

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းမှာ ၂၀၁၈ ခုနှစ်ထက် ၅ ဆင့် မြင့်တက်လာ

CRI|
分享到Facebook

图片

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့သည် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ပြပွဲ (CIFTIS) ၏ တတိယမြောက်နေ့ ဖြစ်သည်။ ပြပွဲကာလအတွင်း ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုသုံးစွဲမှု  ပေါင်းစပ်  ဖွံ့ဖြိုးတိုးတက်ရေးပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲကို Shougang Park ၌ ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းသို့ လာရောက်သည့် ခရီးသွားလုပ်ငန်း မှတစ်ဆင့် သုံးစွဲမှုကို မြှင့်တင်ပေးနိုင်သည့် အလားအလာများကို အဓိကထားသည့် သုတေသန ရလဒ် နှစ်ခုကို ထုတ်ပြန်ခဲ့သည်။  ၉ နှစ် ဆက်တိုက် ထုတ်ဝေလျက်ရှိသော "၂၀၂၆ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းဆိုင်ရာ အစီရင်ခံစာ"တွင် ယခုနှစ်အတွက် "ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုသုံးစွဲမှု  ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု  မြှင့်တင်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့်  ကမ္ဘာ့ စီးပွားရေး အုပ်စု ၇၉ ခု၏ ဝန်ဆောင်မှု ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ကို ဘက်စုံ သုံးသပ်ထားကာ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ အထွေထွေ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာ ၂၀၁၈ ခုနှစ်က ထက် ၅ ဆင့် မြင့်တက်လာကြောင်း သိရပါသည်။