မိမိကိုယ်တိုင် အောင်မြင်အောင်တည်ဆောက်ပြီး အခြားနိုင်ငံများကိုလည်း အောင်မြင်အောင် ကူညီခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံတန်ဖိုးဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
CRI|
စက်တင်ဘာလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပ ခဲ့ပါသည်။ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံအတွက် မဆို ဖွံ့ဖြိုးတိုးတက်မှု “လှေကား ”ကို ဘယ်တော့မှ ဖယ်ရှားပစ်မည် မဟုတ်ဘဲ “လှေကား ”ကို တည်ဆောက်ပေးရန်သာ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ သည် “Belt and Road”ကို အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက်ခြင်း အားဖြင့် “Belt and Road”ကို အတူတကွတည်ဆောက်သောနိုင်ငံများ၏ အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြေရှင်းပေးကြောင်း၊ မိမိတို့သည် အရည်အသွေး ကောင်းမွန်ပြီး ကုန်ကျစရိတ်သက်သာသော စက်မှုလုပ်ငန်းသုံး စက်ကိရိယာများနှင့် သိပ္ပံ နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ပံ့ပိုးပေးသည့်အပြင် အတွေ့အကြုံနှင့် နည်းပညာများ ကို မျှဝေပေး သည့် အတွက် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ကုန်ကျ စရိတ်ကို လျှော့ချပေးလျက်ရှိကြောင်း၊ မိမိကိုယ်တိုင် အောင်မြင်အောင် တည်ဆောက်ပြီး အခြားနိုင်ငံများကိုလည်း အောင်မြင်အောင် ကူညီခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံခြား ပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံတန်ဖိုး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန် အကျိုးရှိစေပြီး အတူတကွဖွံ့ဖြိုးတိုးတက်ရေးသဘောတရားကို အစဉ်တစိုက် စွဲကိုင်ထားပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ယုံကြည်စိတ်ချနိုင်သော မိတ်ဖက်နိုင်ငံ အဖြစ် မိမိ ကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ရှင်သန်နိုးထမှု ကို အထောက်အကူပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။