ယူနန်အလယ်ပိုင်း ရေသွယ်ယူရေးစီမံကိန်း၏ ဟိုင်တုန်းဉမင်လိုဏ်ခေါင်း အဆင်ပြေချောမွေ့စွာ ဖောက်လုပ်ပြီးစီး
云南日报|

စက်တင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး၌ လက်ရှိတည်ဆောက်နေဆဲ အကြီးမားဆုံး ရေသွယ်ယူရေးစီမံကိန်းဖြစ်သည့် ယူနန်အလယ်ပိုင်း ရေသွယ်ယူရေးစီမံကိန်းသည် အဓိကကျသော အချိန်အပိုင်းအခြားသို့ ရောက်ရှိခဲ့ပြီး ဟိုင်တုန်းဥမင်လိုဏ်ခေါင်းတစ်ခုလုံး ဖောက်လုပ်ပြီးစီးခဲ့ကာ ယူနန်အလယ်ပိုင်း ရေသွယ်ယူရေးစီမံကိန်း တာ့လီလမ်းပိုင်း၏ ပင်မ ရေပို့လွှတ်ရေးလမ်းကြောင်းကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။
ဟိုင်တုန်းဥမင်လိုဏ်ခေါင်းကို တရုတ်မီးရထား အမှတ် (၅) အင်ဂျင်နီယာဗျူရိုအုပ်စု ကုမ္ပဏီလီမိတက်က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အရှည် ၂၅.၃၁၃ ကီလိုမီတာရှိကာ ဆန်းရှန်းတောင်နှင့် အယ်ဟိုင်အိုင်အရှေ့ဘက်ရှိ ဘူမိလှုပ်ရှားမှုဇုန်၌ တည်ရှိ၍ တည်ဆောက်ရေး ကာလမှာ ၈ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ယူနန်အလယ်ပိုင်း ရေသွယ်ယူရေးစီမံကိန်း၏ အဆင့် (၁) အန္တရာယ်အမြင့်ဆုံးသော သော့ချက်ကျ လိုဏ်ခေါင်းဖြစ်သည်။
ယူနန်အလယ်ပိုင်း ရေသွယ်ယူရေးစီမံကိန်းသည် နိုင်ငံတော်ကောင်စီက သတ်မှတ်ထားသော အဓိကရေစနစ် အမှတ်သင်္ကေတပြ စီမံကိန်း ၁၇၂ ခုအနက် တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး၌ တည်ဆောက်နေဆဲ အကြီးမားဆုံး ရေသွယ်ယူရေးစီမံကိန်းဖြစ်သည်။ ရေပို့လွှတ်ရေး ပင်မမြောင်း စုစုပေါင်း အရှည်မှာ ၆၆၄ ကီလိုမီတာ ရှိသည်။