၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာ့ထိပ်တန်းမော်တော်ယာဉ် ထုတ်လုပ်ရေး အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်ရန် တရုတ်ရည်မှန်းထား
CRI|

တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် စက်တင် ဘာလ ၁၁ ရက်နေ့တွင် စမတ်အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သော စွမ်းအင်သစ်သုံး မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ စမတ်အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သော စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကွင်းဆက်၏ အားသာ ချက်သည် ပိုမိုခိုင်မာလာစေမည်ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်းမော်တော်ယာဉ် ထုတ်လုပ်ရေး အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းစျေးကွက်တွင် စွမ်းအင်သစ်သုံး ခရီးသည်တင်မော်တော်ယာဉ်နှင့် စွမ်းအင်သစ်သုံးကုန်သွယ်မှုကဏ္ဍသုံး မော်တော်ယာဉ်များသည် ၄င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ယာဉ်သစ်ရောင်းချမှု စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ နှင့် ရာခိုင်နှုန်း ၄၀ ပါဝင်မည် ဖြစ်ပြီး အလိုအလျောက် မောင်းနှင်နိုင်စွမ်းရှိသည့် ယာဉ်များ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမည် ဖြစ်ကြောင်း၊ အဓိကနည်းပညာများ၏ အဆင့်အတန်းမှာ ထိရောက်စွာတိုးတက်လာပြီး လုပ်ငန်းဖွဲ့စည်းပုံ ကို ဆက်လက်ကောင်းမွန်တိုးတက်လာကာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပုံစံသစ်ကို ပမာဏ အားဖြင့် ပုံဖော်လာ၍ စီးပွားရေးနှင့် လူမှုရေး အကျိုးသက်ရောက်မှုများသည် တစ်ဆင့်တက်ကောင်းမွန်တိုးတက်လာမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။