"၂၂ကြိမ်မြောက် အာရှဒေသ ကမ်းခြေစောင့်တပ်ဖွဲ့များဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်း အဝေး ပူးတွဲကြေညာချက်"ကို ထုတ်ပြန်
CRI|


၂၂ကြိမ်မြောက် အာရှဒေသ ကမ်းခြေစောင့်တပ်ဖွဲ့များ ဆိုင်ရာ အဆင့်မြင့် အရာရှိများအစည်းအဝေးကို စက်တင်ဘာလ ၁၀ရက်နေ့က ဟန်ကျိုးမြို့၌ ကျင်းပပြီးစီးခဲ့ပြီး ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အစည်းအဝေး ကျင်းပစဉ်အတွင်း ဘက် အသီးသီးတို့သည် ဒေသတွင်း ပင်လယ်ရပ်ဝန်း၌ လုံခြုံရေး အခြေအနေ၊ နိုင်ငံဖြတ်ကျော် ပင်လယ်ရပ်ဝန်း ဆိုင်ရာ ရာဇဝတ်မှုများ ကြိုတင် ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး၊ ပင်လယ်ရပ်ဝန်း၌ ပူးပေါင်းကယ်ဆယ်ရေး၊ သမုဒ္ဒရာ ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဥပဒေစိုးမိုးရေး သတင်းအချက်အလက် မျှဝေရေးစနစ် နှင့် ဥပဒေစိုးမိုးရေး စွမ်းဆောင်ရည်မြှင့်တင်ရေး အပါအဝင် အဓိကကျသော အကြောင်း အရာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊ နောက်အဆင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းနှင့်ပတ်သက်ပြီး ပဏာမ အများသဘောတူညီချက် ရရှိခဲ့ကြ၍ "၂၂ကြိမ်မြောက် အာရှဒေသ ကမ်းခြေစောင့်တပ်ဖွဲ့များ ဆိုင်ရာအဆင့်မြင့်အရာရှိများ အစည်းအဝေး ပူးတွဲကြေညာချက်"ကို အတည်ပြုဖော်ဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။