ရီတိုင်းရင်းသား ရိုးရာပန်းထိုးပညာသည် ယူနန်မှထွက်ခွာ ထွန်းလင်းတောက်ပပေါ်လွင်လာ

ရှန်ဟိုင်းနှင့် ယူနန် ပူးပေါင်းဆောင်ရွက်ရေး အနှစ် ၃၀ ပြည့် အထိမ်းအမှတ်တွင် ယူနန်ပြည်နယ် ချူရှုန်းရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ ရီရိုးရာအထည်ချုပ်ပန်းထိုးအတတ်သည် တစ်နိုင်ငံလုံး၌ နယူးယောက်၊ မီလန်နှင့် ပါရီဟူသော နိုင်ငံတကာ ဖက်ရှင်ရက်သတ္တပတ်ကြီး ၃ ခုသို့ ဆက်တိုက်တက်ရောက်နိုင်ခဲ့သည့် တစ်ခုတည်းသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဝတ်စုံအမှတ်တံဆိပ်အဖြစ် ရှန်ဟိုင်း-ယူနန် ယဉ်ကျေးမှုကူညီပံ့ပိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၏ တောက်ပထင်ရှားသော စံနမူနာဖြစ်လာခဲ့သည်။
နန်းဟွာ ခုနစ်ရောင် ရီပန်းထိုးယဉ်ကျေးမှုပြန့်ပွားရေးကုမ္ပဏီလီမိတက် ဥက္ကဋ္ဌတင်းလန်းယင်းက ကုမ္ပဏီကို ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီးနောက် ရှန်ဟိုင်း၏ ကူညီထောက်ပံ့ရေး ရန်ပုံငွေအကူအညီဖြင့် နန်းဟွာခရိုင်၌ အလုပ်အကိုင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အလုပ်ရုံ ၈ ခုကို အစဉ်အတိုင်း ထူထောင်ခဲ့ကြောင်း၊ ရှန်ဟိုင်း-ယူနန် ပူးပေါင်းဆောင်ရွက်ရေး ပလပ်ဖောင်းကို အခြေပြု၍ "ရှန်ဟိုင်း-ယူနန်စီမံကိန်း + ကုမ္ပဏီ + အလုပ်ရုံ + အထည်ချုပ်ပန်းထိုးကျွမ်းကျင်အမျိုးသမီး"ဟူသော ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို ရှာဖွေဖော်ထုတ်ခဲ့ပြီး အထည်ချုပ်ပန်းထိုးကျွမ်းကျင်အမျိုးသမီးများကို အသုတ်လိုက်၊ အဆင့်လိုက်စည်းရုံးသင်တန်းပေးကာ အော်ဒါများကို အပိုင်းလိုက်ခွဲဝေ၍ အိမ်ထောင်စုများထံ ခွဲဝေပေးခဲ့ခြင်းဖြင့် ကုမ္ပဏီတိုးတက်ကြီးမားလာစေရန် ထိရောက်စွာ တွန်းအားပေးနိုင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
မကြာမီနှစ်များအတွင်း ချူရှုန်းရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် တုန်းဖန်းနိုင်ငံတကာအုပ်စု စသည့်ရှန်ဟိုင်းစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစေခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေးထူထောင်သည့် အနှစ် ၆၀ ပြည့် အဆင့်မြင့်အလည်အပတ် လှုပ်ရှားမှုများအနက် တစ်ခုအဖြစ် ချူရှုန်းအထည်ချုပ်ပန်းထိုး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဝတ်စုံ ၃၅ စုံကို ပါရီဖက်ရှင်ရက်သတ္တပတ်တွင် ပြသခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် "ရှန်ဟိုင်း-ယူနန် တောင်တန်းနှင့်ပင်လယ် သံယောဇဉ် - ချူရှုန်းရီပန်းထိုး ရှန်ဟိုင်းပြပွဲ" လှုပ်ရှားမှုအစီအစဉ်ကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ စားသုံးသူများ၏ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဝတ်စုံများအပေါ် အသိအမှတ်ပြုမှုကို ပိုမိုမြင့်မားစေခဲ့သည်။
နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးနောက် ချူရှုန်းရီပန်းထိုး ယဉ်ကျေးမှုစက်မှုလုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁.၃၃ ဘီလီယံ ရရှိခဲ့ပြီး အထည်ချုပ်ပန်းထိုးကျွမ်းကျင်အမျိုးသမီး ဦးရေသည် ၂၀၂၂ ခုနှစ်တွင် လူပေါင်း ၅ သောင်းမှ ယခုအခါ လူပေါင်း ၆ သောင်းကျော်အထိ တိုးတက်လာခဲ့သည်။