中文 English {{ activeLangText || 'Languages' }} {{ item.text }}
စားနပ်ရိက္ခာအစေ့တစ်စေ့က သစ်ဆန်းမှုနှင့် ပြောင်းလဲမှုကို သက်သေပြ - တရုတ်စားနပ်ရိက္ခာကုန်သွယ်ရေးပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်ကို ရှုမြင်ခြင်း
သတင်း > အကြောင်းအရာ

စားနပ်ရိက္ခာအစေ့တစ်စေ့က သစ်ဆန်းမှုနှင့် ပြောင်းလဲမှုကို သက်သေပြ - တရုတ်စားနပ်ရိက္ခာကုန်သွယ်ရေးပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်ကို ရှုမြင်ခြင်း

光明日报|
分享到Facebook

စက်တင်ဘာလ ၇ ရက်တွင် အဋ္ဌမအကြိမ် တရုတ်စားနပ်ရိက္ခာကုန်သွယ်ရေးပြပွဲကို ဟူနန်ပြည်နယ် ချန်ရှားမြို့၌ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ယခုအကြိမ် ပြပွဲ၌ အမျိုးအစားစုံလင်သော ကောက်ပဲသီးနှံနှင့် စားသုံးဆီ ထုတ်ကုန် တန်ချိန် ၂၉.၂ သန်းနှင့် ကောက်ပဲသီးနှံနှင့် စားသုံးဆီ ထုတ်လုပ်ရေး စက်ပစ္စည်း ၂၁၁၁ စုံ (အစုံလိုက်) တို့ကို အရောင်းအဝယ်ဖြစ်ခြင်းနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စုစုပေါင်း ပမာဏမှာ ယွမ် ၈၇.၈၇၁ ဘီလီယံ ရှိခဲ့သည်။  

​ပြပွဲသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာလုပ်ငန်း ကြမ်းတမ်းသော ဖွံ့ဖြိုးတိုးတက်မှုမှ အမှတ်တံဆိပ် ထိရောက်မှု မြှင့်တင်ရေးသို့လည်းကောင်း၊ လူအင်အားဖြင့် ဂိုဒေါင် စောင့်ကြည့်ခြင်းမှ စမတ်နည်းပညာဖြင့် သီးနှံ စီမံခန့်ခွဲခြင်းသို့လည်းကောင်း၊ "ဗိုက်ဝအောင် စားသောက်နိုင်ခြင်း" မှ "ကောင်းမွန်စွာ စားသောက်နိုင်ခြင်း၊ အာဟာရပြည့်ဝပြီး ကျန်းမာစေရန် စားသောက်နိုင်ခြင်း" သို့ အသွင်ကူးပြောင်း အဆင့်မြှင့်တင်မှုကို ပြသခဲ့သည်။ တစ်နိုင်ငံလုံး၌ ပြည်နယ်အဆင့် ဒေသဆိုင်ရာ အများပြည်သူသုံး အမှတ်တံဆိပ် ၃၃ ခု ဖွဲ့စည်းပြီးစီးခဲ့ပြီး အရည်အသွေးမြင့် စီးပွားရေးလုပ်ငန်း အမှတ်တံဆိပ် ၁၃၁၃ ခု၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်တွန်းအားပေးခဲ့သည်။ ပြသထားသော ဂိုဒေါင်ညှိစက်ရုပ်သည် အတားအဆီးများကို ကိုယ်တိုင် ရှောင်ရှားနိုင်ပြီး တိကျစွာ နေရာယူနိုင်ကာ စက်ရုပ် ၈ ရုပ်သည် လွန်ခဲ့သောကာလက လူ ၃ ဦးမှ ၅ ဦးအထိ ၃ ရက်မှ ၅ ရက်အထိ လုပ်ဆောင်ရသော လုပ်ငန်းပမာဏကို တစ်ရက်မပြည့်မီ အပြီးသတ်နိုင်သည်။ ဂိုဒေါင်တွင်း စစ်ဆေးရေး စက်ရုပ်သည် အပူချိန်၊ အစိုဓာတ်၊ ပိုးမွှား အခြေအနေ စသည့်အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာနိုင်သည်။ တစ်နိုင်ငံလုံး၌ အပူချိန်နိမ့်နှင့် အပူချိန်အတော်အသင့်နိမ့် သိုလှောင်နိုင်စွမ်းရှိသော ဂိုဒေါင်ပမာဏသည် တန် သန်း ၂၂၀ သို့ ရောက်ရှိခဲ့ပြီး စားနပ်ရိက္ခာဂိုဒေါင် စားနပ်ရိက္ခာသိုလှောင်မှု သံသရာအတွင်း ဘက်စုံဆုံးရှုံးမှုနှုန်းကို ၁ % အတွင်း ထိန်းချုပ်ထားနိုင်သည်။