中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ် အာကာသစခန်း၏ ပဉ္စမ အကြိမ်မြောက် Tiangong သင်ခန်းစာကို ၉ရက်နေ့မှာ စတင် ပို့ချ
သတင်း > အကြောင်းအရာ

တရုတ် အာကာသစခန်း၏ ပဉ္စမ အကြိမ်မြောက် Tiangong သင်ခန်းစာကို ၉ရက်နေ့မှာ စတင် ပို့ချ

CRI|
分享到Facebook

  "Tiangong သင်ခန်းစာ-ဟောင်ကောင်နှင့် မကာအို အထူး အစီအစဉ်" အာကာသ  သင်ခန်းစာ သင်ကြားပို့ချရေး လှုပ်ရှားမှုကို ယခုလ ၉ရက်နေ့ နံနက်ပိုင်းတွင် စတင် ကျင်းပခဲ့ရာ တရုတ် အာကာသ စခန်း  လူလိုက်ပါသည့် အာကာသ မစ်ရှင်များကို ထမ်း ဆောင် နေကြသော Shenzhou အမှတ် ၂၃ အာကာသယာဉ်၏ ယာဉ်မှူးများ ဖြစ်ကြသည့် တပ်မှူး ကျူးယန်ကျု၊ အာကာသယာဉ် မောင်းနှင်သူ ကျန်းကျိယွမ်နှင့် ဟောင်ကောင်မှ ပထမဆုံး ဝန်တင်နိုင်စွမ်းဆိုင်ရာ ပညာရှင် လျန်ကြာယင်တို့သည် ဟောင်ကောင်နှင့် မကာအို ကျောင်းသူကျောင်းသားများ အတွက် သင်ခန်းစာကို သင်ကြား ပို့ချပြီး အာကာသသိပ္ပံပညာ စမ်းသပ်မှုများကို လက်တွေ့ပြသသွားမည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် အာကာသ စခန်းမှ သင်ကြားပို့ချသော ပဉ္စမ အကြိမ်မြောက် Tiangong သင်ခန်းစာ ဖြစ်ကြောင်း သတင်းအရ သိရသည်။