၂၆ ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကုန်စည်ပြပွဲ (CIFIT) ကို စတင်ကျင်းပခြင်း - ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များသည် အခွင့်အလမ်းများရှာဖွေရန် ရှမန်မြို့တွင် စုဝေးကြ
CRI|

စက်တင်ဘာလ ၈ ရက်နေ့တွင် ၂၆ ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကုန်စည်ပြပွဲ (CIFIT) ကို တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် တရားဝင်စတင် ကျင်းပသည်။
ယခုနှစ် CIFIT ပြပွဲတွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၂၉ ခုမှ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ပေါင်း ၁၂၀၀ ကျော် ပါဝင်ကြသည်။ ၂၅ ကြိမ်မြောက် CIFIT ပြပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် ပါဝင်သည့်နိုင်ငံ ခြောက်နိုင်ငံ တိုးများလာသည်။ GDP အရ ကမ္ဘာ့ထိပ်တန်း စီးပွားရေးအဖွဲ့အစည်း ၅၀ အနက် ၄၈ ခု ယခုအကြိမ် CIFIT ပြပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံသို့ အရင်းအနှီးနှင့် နည်းပညာများသာမက တရုတ်ဈေးကွက်အပေါ် ယုံကြည်မှုနှင့် အခွင့်အလမ်း အသစ်များအတွက် မျှော်လင့်ချက်များကိုလည်း တစ်ပါတည်း ယူဆောင်လာသည်ဟု သိရပါသည်။