中文 English {{ activeLangText || 'Languages' }} {{ item.text }}
၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ထင်ရှားသော စားသုံးကုန် အမှတ်တံဆိပ် ၁၀၀ ကို ဖန်တီးပုံဖော်မည်
သတင်း > အကြောင်းအရာ

၂၀၂၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ထင်ရှားသော စားသုံးကုန် အမှတ်တံဆိပ် ၁၀၀ ကို ဖန်တီးပုံဖော်မည်

CRI|
分享到Facebook

စက်တင်ဘာလ ၇ ရက်နေ့နံနက်တွင် ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲ၌ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဈေးကွက်ကြီးကြပ်ကွပ်ကဲရေးအုပ်ချုပ်မှုဌာနချုပ်တို့မှ တာဝန်ရှိသူများက သမိုင်းဝင် ဂန္ထဝင်လုပ်ငန်းများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမိုင်းဝင် ဂန္ထဝင်လုပ်ငန်းများဆိုသည်မှာ ပိုးထည်၊ လက်ဖက်၊ ကြွေထည်၊ တရုတ်တိုင်းရင်းဆေး၊ အရက်နှင့် အချဉ်ဖောက်ထားသော အစားအစာ ထုတ်လုပ်ခြင်း၊ လက်မှုအနုပညာနှင့် စာရေးကိရိယာလေးမျိုး (စာရေးတံ၊ မင်တံ၊ မင်ကျောက်နှင့် စက္ကူ) အစရှိသော အလွန်နက်ရှိုင်းသည့် တရုတ်ရိုးရာ ယဉ်ကျေးမှုအခြေခံ ထူးခြားချက်ရှိသော လုပ်ငန်းများကို ညွှန်းဆိုခြင်းဖြစ်သည်။

စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အခြားဌာနပေါင်းစုံနှင့် ပူးပေါင်း၍ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သမိုင်းဝင်ဂန္ထဝင်လုပ်ငန်းများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရေးတွန်းအားပေးရန် သဘောထားအမြင်များ တွင် ၂၀၂၈ ခုနှစ်အရောက်တွင် ယွမ် ဘီလီယံ ၁၀ ပမာဏရှိ ဦးဆောင်စီးပွားရေးလုပ်ငန်း ၅၀ ကို ပျိုးထောင်ရန်၊ တရုတ်နိုင်ငံ၏ ထင်ရှားသော စားသုံးကုန် အမှတ်တံဆိပ် ၁၀၀ ကို ဖန်တီးရန်နှင့် ယွမ် ဘီလီယံ ၁၀၀ ပမာဏရှိ ထူးခြားချက်ရှိသော စက်မှုဇုန်စုစည်းမှုအချို့ကို တည်ဆောက်သွားရန် ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းများနှင့် ထင်ရှားသော အမှတ်တံဆိပ်အချို့ကို ပျိုးထောင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး သမိုင်းဝင် ဂန္ထဝင်လုပ်ငန်းများကို ကမ္ဘာ့တန်ဖိုးကွင်းဆက်၏ အလယ်အထက်အဆင့်သို့ တက်လှမ်းနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။