တရုတ်-စင်ကာပူ "ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး-၂၀၂၆" ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်ကျင်းပ
CRI|

တရုတ်-စင်ကာပူ "ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး-၂၀၂၆" ပူးတွဲစစ်ရေး လေ့ကျင့်မှုကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကွမ်တုံးပြည်နယ် ကျန့်ကျန်းမြို့ရှိ ရေတပ် ဆိပ်ကမ်း တစ်ခု၌ စတင်ခဲ့သည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုကို ဆိပ်ကမ်းနှင့်ကမ်းရိုးတမ်းအဆင့်၊ ပင်လယ်ပြင်အဆင့် ဟူ၍ အဆင့်နှစ်ဆင့်ခွဲခြားထားပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
လက်ရှိတွင် တရုတ်နှင့် စင်ကာပူတို့သည် ခင်မင်ရင်းနှီးသော အိမ်နီးချင်းကောင်းများနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များဖြစ်ပြီး အဆင့်မြင့်အရာရှိများအကြား အပြန်အလှန် လည်ပတ်မှုများ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် တက္ကသိုလ်များအကြား လေ့ကျင့်မှုစသည့် နယ်ပယ်များတွင် ခင်မင်ရင်းနှီးသော ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစွာ ဆောင်ရွက်ကြ၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အရေးကြီးသော အင်အားတစ်ရပ် ဖြစ်လာနေပြီ ဖြစ်ကြောင်း သိရသည်။