တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ ထောက်ပံ့သည့် တတိယအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလွှဲပြောင်းပေးအပ်
云南日报|

စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ အရေးပေါ် ကူညီထောက်ပံ့သည့် တတိယအသုတ်ပစ္စည်းများကို တရုတ်လေတပ်၏ Y-20 အမျိုးအစား လေယာဉ်ကြီးဖြင့် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူရှိ ထရီဘူဝန် နိုင်ငံတကာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ ထောက်ပံ့သည့် စတုတ္ထအသုတ် ကျွမ်းကျင်သူအဖွဲ့ဖြစ်သော မှုခင်းဆေးပညာ စိစစ်ရေးကျွမ်းကျင်သူ ၁၀ ဦးသည်လည်း အဆိုပါလေယာဉ်ဖြင့် လိုက်ပါရောက်ရှိခဲ့သည်။
နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းမောင်းမင်းနှင့် နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် နည်းပညာသစ်ဆန်းတီထွင်မှုဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး မဟာဗီးရ် ပွန်းတို့သည် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကျွမ်းကျင်သူအဖွဲ့အား ကြိုဆိုခဲ့ကြသည်။
ယခုအသုတ် ကူညီထောက်ပံ့ရေးပစ္စည်းများတွင် ရုပ်အလောင်းထိန်းသိမ်းသည့်အအေးခန်းစက်များ၊ ကူးစက်ရောဂါကာကွယ်ရေးပစ္စည်းများ၊ လူနေမှုဘဝ အာမခံချက်ပေးသည့် ပစ္စည်းများ စသည့်နီပေါဘက်မှ အရေးပေါ်လိုအပ်နေသော ပစ္စည်းများ ပါဝင်သည်။ တရုတ်ဘက်မှ မှုခင်းဆေးပညာ စိစစ်ရေးကျွမ်းကျင်သူများသည် လုပ်ငန်းများကို လျင်မြန်စွာ စတင်ဆောင်ရွက်မည်ဖြစ်ပြီး သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုသည့် လုပ်ငန်းများကို တွန်းအားပေးရာတွင် နီပေါဘက်အား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။