အီဂျစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုင်ရိုမြို့သို့ ရောက်ရှိ
CRI|

အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်ဖာတာ အယ်လ်စီစီ ၏ ဖိတ်ကြားချက်အရ အီဂျစ် နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် သည် စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် အထူးလေယာဉ်ဖြင့် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က လေဆိပ်တွင် စာလွှာဖြင့် မိန့်ခန်းပြောကြားခဲ့ပြီး တရုတ် အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား အီဂျစ်အစိုးရနှင့် အီဂျစ်ပြည်သူများအား စိတ်ရင်းမှန် ဖြင့် နှုတ်ခွန်းဆက်သပြီး ကောင်းမွန်သော ဆုမွန်ကောင်းများ တောင်းပေးပါကြောင်း ဖော်ပြခဲ့သည်။
ရှီကျင့်ဖျင် က တရုတ်နှင့် အီဂျစ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်းခဲ့သည့် နှစ် ၇၀ အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ မည်ကဲ့သို့ ပြောင်းလဲသည်ဖြစ်စေ နှစ်နိုင်ငံတို့သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားပြီး ပူးပေါင်းဆောင်ရွက်ကာ အပြန်အလှန် အကျိုးရှိစေလျက်ရှိကြောင်း၊ မကြာခင်နှစ်များတွင် မိမိအနေဖြင့် အဆွေတော် သမ္မတ အဗ္ဗဒယ်ဖာတာ အယ်လ်စီစီ နှင့်အတူ တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် ခုန်ပျံကျော်လွှားသော တိုးတက်မှုများ ရရှိရန် ဦးဆောင် လမ်းပြပေးခဲ့ကြောင်း၊ ယခုအကြိမ်ခရီးစဉ်တွင် မိမိအနေဖြင့် အဆွေတော် သမ္မတ အဗ္ဗဒယ်ဖာတာ အယ်လ်စီစီ နှင့်အတူ တရုတ်-အီဂျစ်ဆက်ဆံရေး၊ နှစ်နိုင်ငံ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်ဦးနှစ်ဖက်တို့မှ အတူတကွအလေးထားကြ သော နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ် သွားကြ မည်ဖြစ်ပြီး တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် စီမံကိန်းများကို အတူတကွ ရေးဆွဲချမှတ်ကာ တရုတ်-အီဂျစ် ချစ်ကြည်ရေး၏ သမိုင်းအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။