中文 English {{ activeLangText || 'Languages' }} {{ item.text }}
ယူနန်ပြည်နယ်သည် ဖြတ်ပန်းခူးဆွတ်စက်ရုပ် သုတေသနပြု ထုတ်လုပ်မှုနှင့် တိုးချဲ့အသုံးပြုမှုကို အရှိန်မြှင့်တင်လျက်ရှိ - စမတ်ကျကျခူးဆွတ်သော ယူနန်ပန်းမန်များ အနာဂတ်သို့ ရှေးရှု
အကြောင်းအရာ

ယူနန်ပြည်နယ်သည် ဖြတ်ပန်းခူးဆွတ်စက်ရုပ် သုတေသနပြု ထုတ်လုပ်မှုနှင့် တိုးချဲ့အသုံးပြုမှုကို အရှိန်မြှင့်တင်လျက်ရှိ - စမတ်ကျကျခူးဆွတ်သော ယူနန်ပန်းမန်များ အနာဂတ်သို့ ရှေးရှု

云南日报|
分享到Facebook

မကြာသေးမီက ယောင်အန်းခရိုင်ရှိ စံချိန်စံညွှန်းမြင့် ပန်းစိုက်ပျိုးရေးစခန်း၌ ဖြတ်ပန်းခူးဆွတ်စက်ရုပ်၏ မြေပြင်လက်တွေ့ သရုပ်ပြလှုပ်ရှားမှုကို ကျင်းပခဲ့သည်။ နည်းပညာဝန်ထမ်းများ၏ ညွှန်ကြားချက်အောက်တွင် စက်ရုပ်သည် ပန်းခက်များ၏ အမြင့်နှင့် ဦးတည်ချက်ကို တိကျစွာ ခွဲခြားသိရှိနိုင်ခဲ့ပြီး စက်လက်တံသည် ပန်းခက်ဖြတ်တောက်ခြင်းနှင့် ပန်းငုတ်ချန်ခြင်း လုပ်ငန်းများကို ချောမွေ့စွာ ပြီးမြောက်ခဲ့သည်။  

​ယူနန်ပြည်နယ်သည် နိုင်ငံတစ်ဝန်းတွင် ဖြတ်ပန်းထုတ်လုပ်မှု အကြီးဆုံးဒေသဖြစ်ပြီး ပမာဏပိုင်း ဦးဆောင်နိုင်မှုမှ နည်းပညာပိုင်း ဦးဆောင်နိုင်မှုသို့ ကူးပြောင်းသည့် အရေးကြီးသော ကာလတစ်ခုနှင့် ရင်ဆိုင်နေရသည်။ လုပ်သားစရိတ် မြင့်တက်လာခြင်းနှင့် လုပ်သားလိုအပ်ချက် ပိုမိုကြီးမားလာခြင်းတို့နှင့်အတူ စမတ်စက်ပစ္စည်းများကို သုတေသနပြု ထုတ်လုပ်ခြင်းနှင့် တိုးချဲ့အသုံးပြုခြင်းတို့သည် ပြဿနာကို ဖြေရှင်းရန် သော့ချက်ဖြစ်လာခဲ့သည်။ ယောင်အန်းခရိုင်၏ ပန်းစိုက်ပျိုးဧရိယာသည် တရုတ်ဧက ၂.၂ သောင်းရှိပြီး တစ်နှစ်လျှင် ဖြတ်ပန်း ၁.၂ ဘီလီယံ ပွင့် ထုတ်လုပ်လျက်ရှိကာ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၂ ဘီလီယံကျော်ရှိသည်။ သို့သော် စိုက်ခင်းအတွင်း ခူးဆွတ်သည့်အဆင့်မှာ လူအင်အားကိုသာ မှီခိုနေရဆဲဖြစ်ပြီး ခရိုင်တစ်ခုလုံး၏ ပုံမှန် လုပ်သားလိုအပ်ချက်မှာ လူဦးရေ သောင်းဂဏန်းအထိ ရှိသည်၊ ကျွမ်းကျင်လုပ်သား၏ တစ်ရက်လုပ်ခမှာ ယွမ် ၈၀ မှ ယွမ် ၁၅၀ အထက်သို့ မြင့်တက်လာခဲ့ပြီး လူအင်အားဖြင့် ခူးဆွတ်ခြင်းသည် ပန်းခက်များကို ပျက်စီးလွယ်စေသည်။  

​သရုပ်ပြလှုပ်ရှားမှုကျင်းပရာနေရာသို့ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ ယူနန်​နော်မယ်လ်တက္ကသိုလ်၊ ဖူးတန့်တက္ကသိုလ် စသည့်တက္ကသိုလ်များမှ သုတေသနအဖွဲ့များသည် စက်ပစ္စည်းများကို ယူဆောင်၍ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ စီမံကိန်းတာဝန်ခံက အဆိုပါစက်ရုပ်သည် ဖြတ်ပန်း၏ ပွင့်နှုန်းကို အလိုအလျောက် ခွဲခြားသိရှိနိုင်ပြီး အဆင့်လိုက် ခူးဆွတ်နိုင်ကြောင်း၊ လက်ရှိတွင် စခန်း၌ စမ်းသပ်သည့်အဆင့်၌ ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ် အင်ဂျင်နီယာအကယ်ဒမီမှ ပညာရှင် လီထျန်းလိုင်က ကျွန်ုပ်တို့နိုင်ငံ၏ စိုက်ပျိုးရေး စက်မှုသုံးစွဲမှုနှုန်း စုစုပေါင်း ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိသေးပြီး ပန်းစိုက်ပျိုးရေး စက်မှုသုံးစွဲမှုနှုန်းမှာ ပိုမိုနည်းပါးသဖြင့် စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေးစက်ကိရိယာနှင့် အဆောက်အအုံများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းသို့ သွားရောက်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။  

​ယူနန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာဌာနသည် ပန်းပွင့်များ အပါအဝင် စိုက်ပျိုးရေးစက်ကိရိယာ သုတေသနပြု ထုတ်လုပ်မှုနှင့် တိုးချဲ့အသုံးပြုရေး အထူးအဖွဲ့ ၁၅ ဖွဲ့ကို ဖွဲ့စည်းထားပြီး ပံ့ပိုးကူညီမှု မူဝါဒ ၆ ခုကို ထုတ်ပြန်ထားသည်။ တိုးချဲ့အသုံးပြုရေး လမ်းကြောင်းတွင် ယူနန်ပြည်နယ်သည် စမ်းသပ်စံပြလုပ်ငန်းများကို ဦးစွာဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးစက်ကိရိယာနှင့် နည်းပညာပေါင်းစပ်ခြင်း နည်းဗျူဟာများကို ကျင့်သုံးကာ အကြီးစားစိုက်ပျိုးရေးစခန်းများကို ရွေးချယ်၍ “လူမဲ့ခူးဆွတ်ရေး” စံပြလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။  

​စမတ်နည်းပညာသည် စက်မှုကွင်းဆက်တစ်ခုလုံးသို့ တိုးချဲ့လျက်ရှိသည်။ ကူမင်းမြို့ ဂျင်းနင်ခရိုင်၌ ရှိသော Yuntianhua ပန်းစိုက်ပျိုးသူဆိုင်၏ “နှင်းဆီပန်း ဒစ်ဂျစ်တယ်စိုက်ပျိုးရေးပုံစံ”သည် ၂၀၂၅ ခုနှစ် အမျိုးသားအဆင့် စမတ်စိုက်ပျိုးရေး စံပြဖြစ်စဉ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး တိကျစွာ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အလိုအလျောက် ထိန်းချုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ရာ အရည်အသွေးမြင့် ပန်းပွင့်ပါဝင်မှုနှုန်း ၆၅ %အထိ ရှိလာပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှုမှာ ၄၀ % မှ ၅၀ % အထိ လျော့ကျသွားခဲ့သည်။ ယောင်အန်းခရိုင်၌ ပန်းခူးဆွတ်စက်ရုပ်များ စံပြအဖြစ် စတင်အသုံးပြုလာသည်နှင့်အမျှ ယူနန်ပန်းပွင့်စက်မှုလုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုလုံး ဉာဏ်ရည်ထက်မြက်လာရေးဆီသို့ ဦးတည်သည့် ခြေလှမ်းများ ပိုမိုမြန်ဆန်လာလျက်ရှိသည်။