中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်-မြန်မာ လူငယ်နယူးမီဒီယာ ပူးပေါင်းဖန်တီးရေးစခန်း လှုပ်ရှားမှုကို ပေါက်ရှန်းမြို့၌ ကျင်းပ
“မင်္ဂလာ” > အကြောင်းအရာ

တရုတ်-မြန်မာ လူငယ်နယူးမီဒီယာ ပူးပေါင်းဖန်တီးရေးစခန်း လှုပ်ရှားမှုကို ပေါက်ရှန်းမြို့၌ ကျင်းပ

云南日报|
分享到Facebook

မကြာသေးမီက “ဆွေမျိုးပေါက်ဖော် အတူလက်တွဲ . ပေါက်ရှန်းသို့ သွားရောက်လေ့လာခြင်း”၂၀၂၆ ခုနှစ် တရုတ်-မြန်မာ လူငယ် နယူးမီဒီယာ ပူးပေါင်းဖန်တီးရေးစခန်း လှုပ်ရှားမှုကို ပေါက်ရှန်းမြို့၌ ကျင်းပခဲ့သည်။ ပြည်တွင်းရှိ တက္ကသိုလ်အသီးသီးမှ မြန်မာပညာတော်သင်ကျောင်းသားများနှင့် ပေါက်ရှန်းတက္ကသိုလ် နိုင်ငံခြားဘာသာစကားကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ပူးပေါင်း၍ ကွင်းဆင်းလေ့လာ ဖန်တီးခဲ့ကြပြီး နယူးမီဒီယာကို တံတားတစ်စင်းအဖြစ် အသုံးပြုကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို နက်ရှိုင်းစေခဲ့ကြသည်။ ဗီဒီယိုရိုက်ကူးမှုများမှတစ်ဆင့် ပေါက်ရှန်း၏ သဘာဝရှုခင်းများနှင့် လူမှုယဉ်ကျေးမှုများကို မှတ်တမ်းတင်ကာ ပြည်တွင်းပြည်ပသို့ ပေါက်ရှန်း၏ အကြောင်းအရာများကို သက်ဝင်လှုပ်ရှားစွာ ရိုက်ကူးတင်ဆက်ခဲ့ကြသည်။  

​လှုပ်ရှားမှုအတွင်း တရုတ်-မြန်မာ လူငယ်ဖန်တီးသူများသည် အဖွဲ့ ၃ ဖွဲ့ခွဲ၍ လုံယန်းခရိုင်၊ လုန်းလင်ခရိုင်နှင့် ထိန်ချုန်းမြို့တို့သို့ သွားရောက်၍ ကွင်းဆင်းလေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြရာ ကောင်းလီကုန်းတောင်၊ မီးတောင်နှင့် ရေပူစမ်း၊ ဟော်ရွှင်ရှေးဟောင်းမြို့ စသည့်ထူးခြားသော ရှုခင်းများသို့ ရောက်ရှိခဲ့ကြပြီး ယုံဂျစ်ဂိုစစ်တုရင်၊ ထိန်ချုန်းသားရေရုပ်သေး စသည်တို့ကို အနီးကပ် လေ့လာ တွေ့ကြုံခဲ့ကြရကာ ပေါက်ရှန်း၏ သဘာဝအလှတရား၊ လူမှုယဉ်ကျေးမှု၏ အနှစ်သာရနှင့် လူနေမှုဘဝ၏ နွေးထွေးမှုတို့ကို ဘက်ပေါင်းစုံမှ ခံစားခဲ့ကြရသည်။  

​ကွင်းဆင်းလေ့လာရေး လုပ်ငန်းစဉ်အတွင်း တရုတ်နှင့် မြန်မာလူငယ်များသည် လက်တွဲ၍ ပူးပေါင်းဖန်တီးခဲ့ကြပြီး မိမိတို့၏ ယဉ်ကျေးမှုရှုထောင့်များမှနေ၍ တရုတ်-မြန်မာ နှစ်ဘာသာ နယူးမီဒီယာလက်ရာများကို စေတနာပါပါ ဖန်တီးခဲ့ကြသည်။ လူငယ်ဆန်ပြီး ပြည်သူများနှင့် နီးစပ်သော ရိုက်ကူးမှုဘာသာစကားဖြင့် ပေါက်ရှန်း၏ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များ၊ ရိုးရာဓလေ့ ထူးခြားချက်များနှင့် ပြည်သူများ၏ လူနေမှုဘဝတို့ကို မှတ်တမ်းတင်ခဲ့ကြကာ ရှုထောင့်သစ်ဖြင့် နယ်စပ်မြို့၏ ဆွဲဆောင်မှုကို ဖော်ကျူးခဲ့ကြပြီး အမှန်တကယ် သက်ဝင်လှုပ်ရှားနေသော ပေါက်ရှန်း၏ အကြောင်းအရာများကို နိုင်ငံနယ်နိမိတ်ကျော်လွန်၍ နွေးထွေးမှုများ လက်ဆင့်ကမ်း မျှဝေပေးခဲ့သည်။