中文 English {{ activeLangText || 'Languages' }} {{ item.text }}
CGTN လူထုသဘောထားစစ်တမ်း - ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်” ကို ကမ္ဘာတစ်ဝန်းက အဘယ့်ကြောင့် စိတ်ဝင်စားနေကြသနည်း
ရှုထောင့် > အကြောင်းအရာ

CGTN လူထုသဘောထားစစ်တမ်း - ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်” ကို ကမ္ဘာတစ်ဝန်းက အဘယ့်ကြောင့် စိတ်ဝင်စားနေကြသနည်း

CRI|
分享到Facebook

Bishkek City Hall, Kyrgyzstan. /VCG

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးကာလ” ကို ထပ်မံရောက်ရှိလာပါတယ်။ ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး ကျင်းပခါနီးအချိန်မှာ China Media Group (CMG) CGTN က တရုတ်နိုင်ငံ Renmin တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ခေတ်သစ် နိုင်ငံတကာဆက်သွယ်ရေး သုတေသနဌာန မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ဖြေဆိုသူ ၁၃,၇၀၇ ဦးကို လူထုသဘောထားစစ်တမ်းကောက်ယူခဲ့ပါတယ်။ ယင်းစစ်တမ်းဖော်ပြချက်အရ ဖြေဆိုသူ ၇၄ ဒသမ ၆ ရာခိုင်နှုန်းက SCO ဟာ အုပ်ချုပ်မှုစနစ်မတူတဲ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် လက်တွေ့ကျတဲ့လမ်းကြောင်း တစ်ခု ဖော်ထုတ်ပေးနေပြီး နိုင်ငံတကာဆက်ဆံရေးပုံစံသစ်နဲ့ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးမှုမှာ အရေးပါတဲ့အင်အား ဖြစ်လာနေတယ်လို့ ယူဆခဲ့ကြပါတယ်။

ယခုနှစ်ဟာ SCO တည်ထောင်မှု ၂၅ နှစ်ပြည့် ဖြစ်ပါတယ်။ စစ်တမ်းဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ ဖြေဆိုသူများဟာ SCO တည်ထောင်ခဲ့တဲ့ ၂၅ နှစ်ကာလတစ်လျှောက်လုံးရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုအသီးအပွင့်များနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်စွာ မှတ်ချက်ပေးခဲ့ကြပါတယ်။ ယင်းအဖွဲ့အစည်းကို ကုန်သွယ်ရေး အဆင်ပြေလွယ်ကူစေရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ခရီးသွားလာရေး အစရှိတဲ့ လုပ်ငန်းကဏ္ဍကြီး ၃ ရပ်နဲ့ပတ်သက်ပြီး နိုင်ငံတကာလွှမ်းမိုးမှု သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ထင်မြင်ယူဆကြပါတယ်။

ဒါ့အပြင် ဖြေဆိုသူ ၇၆ ဒသမ ၂ ရာခိုင်နှုန်းက တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့တဲ့ “Belt and Road” အဆိုပြုချက်ဟာ အပြန်အလှန်ချိတ်ဆက်ပေါင်းစည်းမှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို ဖန်တီးပေးခဲ့တယ်လို့ ယူဆကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံဟာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ပါဝင်ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ SCO ကို အခြေခံအဆောက်အအုံနဲ့ စွမ်းအင်အရင်းအမြစ်၊ ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှု အဓိကလုပ်ငန်း ကဏ္ဍကြီး ၃ ရပ်မှာ လွှမ်းမိုးမှု ပိုမိုအားကောင်းလာနိုင်စေဖို့လည်း မျှော်လင့်ထားကြပါတယ်။

အဆိုပါစစ်တမ်းကောက်ယူမှုဟာ အဓိကဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများကို လွှမ်းခြုံခဲ့ပြီး ဖြေဆိုသူတွေဟာ ပျမ်းမျှအားဖြင့် အသက် ၁၈ နှစ်အထက်ရှိတဲ့ သာမန်ပြည်သူများဖြစ်ကာ နိုင်ငံအသီးသီးရဲ့သန်းခေါင်စာရင်းရှိ အသက်အရွယ်၊ ကျား/မ အရေအတွက်နဲ့ ကိုက်ညီမှုရှိပါတယ်။