"တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုကို နားလည်ခြင်း" စာအုပ်မျှဝေခြင်းအထူးအစီအစဉ်ကို တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံရှိ အဓိက မီဒီယာများတွင် တစ်ပြိုင်နက်တည်း ထုတ်လွှင့်
CRI|

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ကာဂျစ္စတန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသည့် အခါသမယတွင် "ရှီကျင့်ဖျင်တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု" စာအုပ်မျှဝေခြင်းအစီအစဉ်ဖြစ်သည့် "တရုတ်နိုင်ငံ၏စီမံခန့်ခွဲမှုကို နားလည်ခြင်း" အထူးအစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အထူးအစီအစဉ်ကို China Media Group ၊ ကာဂျစ္စတန်အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့် ကော်ပိုရေးရှင်း နှင့် ကာဂျစ္စတန်အမျိုးသားတက္ကသိုလ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး China Media Group ၏ CGTN ရုရှားဘာသသာချန်နယ်နှင့် ကာဂျစ္စတန်အမျိုးသား ရုပ်မြင်သံကြားနှင့် အသံလွှင့် ကော်ပိုရေးရှင်းတို့မှ တစ်ပြိုင်နက်တည်း ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။