中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်နိုင်ငံ၏ ပထမအသုတ် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ နီပေါနိုင်ငံသို့ ရောက်ရှိ
သတင်း > အကြောင်းအရာ

တရုတ်နိုင်ငံ၏ ပထမအသုတ် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ နီပေါနိုင်ငံသို့ ရောက်ရှိ

人民网|
分享到Facebook

ဩဂုတ်လ ၂၆ ရက်နေ့တွင် နီပေါနိုင်ငံအတွင်း ရေခဲမြစ်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ပြင်းထန်သော ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခဲ့ရာ လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။ နီပေါ အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးစီမံခန့်ခွဲမှုအာဏာပိုင်၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီအထိ အဆိုပါဘေးအန္တရာယ်ကြောင့် လူ ၇၃၄ ဦး သေဆုံးခဲ့ပြီး ၂၄၉၈ ဦး ပျောက်ဆုံးလျက်ရှိသည်။  

​ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် နီပေါနိုင်ငံသို့ အရေးပေါ်ကူညီထောက်ပံ့မှုကို အလျင်အမြန်စတင်ခဲ့သည်။ ဒေသစံတော်ချိန် ဩဂုတ်လ ၃၀ ရက် နံနက် ၇ နာရီခန့်တွင် တရုတ်လေတပ်၏ Y-20 အမျိုးအစား ကုန်တင်လေယာဉ်ကြီး ၂ စီးသည် မိုးကာတဲ၊ စောင်၊ အသင့်စားခြောက် အစားအစာ၊ အိပ်အိတ်နှင့် ရှေးဦးသူနာပြုစုရေးအိတ် စသည့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁.၃၂ သောင်း (စုစုပေါင်း ၅၀ တန်)ကို တင်ဆောင်၍ နီပေါနိုင်ငံ ခတ္တမန္ဒူရှိ တြိဘူဝမ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ဩဂုတ်လ ၂၆ ရက်နေ့တွင် တရုတ်မိုးလေဝသဦးစီးဌာနသည် နီပေါ ရေဆင်းနှင့် မိုးလေဝသဦးစီးဌာနနှင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်အခြေအနေကို သုံးသပ်ကာ ဒေတာများကို မျှဝေခဲ့သည်။ တရုတ် ရေအရင်းအမြစ်ဝန်ကြီးဌာနသည် မြေပြိုပိတ်ဆို့ရေကန်၏ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်ပြီး မြို့ပြကို ရေလွှမ်းမိုးနိုင်သည့် ရေကြီးမှုများကို တွက်ချက်ဆန်းစစ်ခဲ့ကာ နီပေါဖက်သို့ ရေဆင်းမိုးလေဝသ အချက်အလက်များနှင့် စောင့်ကြည့်စစ်ဆေးမှု အခြေအနေများကို ဆက်လက်မျှဝေပေးခဲ့သည်။

 

​နီပေါအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်သူ ၅ ဦးကို အရေးပေါ် စေလွှတ်ခဲ့ပြီး ရှီးဇန့်ဂျီးလုန်း (Gyirong) မှ ဟယ်လီကော်ပတာဖြင့် နီပေါ ဘေးသင့်ဒေသသို့ ပျံသန်းခဲ့ရာ လက်ရှိတွင် ဘေးဒဏ်အပြင်းထန်ဆုံးခံရသော ရာဆူဝါဒေသသို့ ရောက်ရှိပြီး ဒေသတွင်း ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်လျက်ရှိသည်။  

​ဩဂုတ်လ ၃၀ ရက်နေ့တွင် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဂျန်းမောက်မင်သည် တရုတ်အစိုးရမှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၂ သန်းနှင့် တရုတ်ကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၂ သိန်း ငွေသားအကူအညီများကို နီပေါနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် နီပေါနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအသင်းသည် ရန်ပုံငွေနှင့် ပစ္စည်းများ ကောက်ခံလှူဒါန်းမှုကို စတင်ခဲ့သည်။ နီပေါနိုင်ငံ အဝေးရောက်တရုတ်နွယ်ဖွားများအသင်းမှ ဦးစီး၍ ဘေးအန္တရာယ်ကူညီရေး အလှူငွေကောက်ခံခဲ့ရာ ၃၀ ရက်နေ့အထိ နီပေါရူပီး ၅ သန်းကျော် (တရုတ်ယွမ် ၂.၂ သိန်း) ကောက်ခံရရှိခဲ့သည်။ တရုတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့၏ နီပေါရုံးသည် ကယ်ဆယ်ရေးစခန်းများ တည်ဆောက်ရန် ဒေသဆိုင်ရာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မိုးကာတဲ၊ လူနေမှုဘဝသုံးပစ္စည်းများ၊ အစားအစာထုပ်များနှင့် နေရောင်ခြည်စွမ်းအင်သုံး အရေးပေါ်မီးဆိုင်းများ စသည့် ပစ္စည်းများကို ကူညီထောက်ပံ့ရန် စီစဉ်ထားသည်။