(၇)ကြိမ်မြောက် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ဂျကာတာမြို့တွင် စတင်ကျင်းပ
国家税务总局|

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် (၇)ကြိမ်မြောက် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာမြို့တွင် စတင်ဖွင့်လှစ် ကျင်ပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်သည် "ဒစ်ဂျစ်တယ်စနစ်ဖြင့် ပူးပေါင်းစီမံခန့်ခွဲခြင်း၊ အခွန်ကဏ္ဍအကျိုးကျေးဇူးများကို အတူတကွ ခံစားကာ အနာဂတ်ဆီသို့ ဦးတည်စို့" ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံနှင့် ဒေသ ၄၀ နီးပါးမှ အခွန်ဌာန တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း ၈ ခုနှင့် တရုတ်နှင့် နိုင်ငံခြား ဘက်စုံကုမ္ပဏီ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်တို့ကို စုစည်းပေးခဲ့ပါသည်။
တရုတ်နိုင်ငံ နိုင်ငံတော် အခွန်အကောက် စီမံကွပ်ကဲရေး အာဏာပိုင်အဖွဲ့ နိုင်ငံတကာ အခွန်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဟွမ်ဆူဟွာသည် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရား အတွင်းရေးမှူးရုံး၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်လွှဲပြောင်းရယူခဲ့ကြောင်း အစည်းအဝေးတွင် ကြေညာခဲ့ပါသည်။ ဖိုရမ် ကျင်းပနေစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားမှ "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေး ထုတ်ကုန်စနစ် (ဗားရှင်း ၂.၀)၊ "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်ထမ်း ဝန်ဆောင်မှု ထုတ်ကုန်စနစ် (ဗားရှင်း ၂.၀) စသည့် ရလဒ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး "ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ နှစ်ပတ်လည် အစီရင်ခံစာ (၂၀၂၆) ကိုလည်း ထုတ်ပြန်ကာ အတူတကွ တည်ဆောက်နေသော နိုင်ငံများ၏ အခွန်စီမံကွပ်ကဲရေးဆိုင်ရာ အဆင့်မြင့် အတွေ့အကြုံများနှင့် စံပြလေ့လာဖွယ် ဖြစ်ရပ်မှန်များကို ပေါင်းစပ်တင်ပြသွားမည် ဖြစ်ပါသည်။
"ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ၊ တရုတ် မကာအို ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဟယ်ယန်မေက အနာဂတ်တွင် မဟာမိတ်အဖွဲ့သည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် အခွန် တည်ငြိမ်မှု ဆိုသည့် ဦးတည်ချက် နှစ်ရပ်ကို အဓိကထားကာ တိုးတက်မှုနှင့် လိုက်လျောညီထွေရှိသော အခွန်ပတ်ဝန်းကျင်ကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
"ရပ်ဝန်းနှင့် ပိုးလမ်းမ" အခွန်စီမံကွပ်ကဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ၂၀၁၉ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံမှ ဦးဆောင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံနှင့် လေ့လာသူအဖြစ် ပါဝင်သည့်နိုင်ငံ ၃၀ နိုင်ငံ ရှိပြီ ဖြစ်ပါသည်။